၂၀၁၈ မှာ ခေတ်စားလာမယ့် အာရှနိုင်ငံတွေရဲ့ Kitchen Design များ

Home / Blog / ၂၀၁၈ မှာ ခေတ်စားလာမယ့် အာရှနိုင်ငံတွေရဲ့ Kitchen Design များ

Kitchen Design တွေကို ကမ္ဘာတစ်ဝှမ်းမှာ အမြဲတမ်း ဆန်းသစ် လှပအောင် ပြုလုပ်နေကြပါတယ်။ ၂၀၁၈ အတွက် ကမ္ဘာတစ်ဝှမ်းမှာ Kitchen Design အသစ်တွေ အများကြီးထွက်ပေါ်လာပါတယ်။ ထိုအထဲမှာမှ မြန်မာနိုင်ငံမှ အိမ်ရှင်မအများစုဟာ အနောက်နိုင်ငံ ဒီဇိုင်းတွေထက် အာရှနိုင်ငံမှ ဒီဇိုင်းများကို ပိုနှစ်သက်လေ့ရှိပါတယ်။ အဲဒါကြောင့် ၂၀၁၈ မှာ ခေတ်စားလာမယ့် အာရှနိုင်ငံတွေရဲ့ Kitchen Design များကို တင်ဆက်လိုက်ပါတယ်။

၁။ Smooth & Elegant Style

ဒါလေးကတော့ ညီညာပြီး လှပကြော့ရှင်းတဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ ရိုးရှင်းတဲ့ မျဉ်းကြောင်းတွေနဲ့ အာရှနိုင်ငံများအကြိုက် သစ်သားနဲ့ ဖွဲ့စည်းထားတဲ့ ဒီဇိုင်းလေးပါ။

၂။ Airy Kitchen in Tokyo’s Style

ဒီဒီဇိုင်းလေးမှာကတော့ အဓိကအားသာချက်က အရမ်းကို fresh ဖြစ်တဲ့ အခန်းပုံစံလေးဖြစ်ပါတယ်။ ဗီရိုတွေ စားပွဲတွေကို ဂျပန်နိုင်ငံ စတိုင်အသုံးပြုထားပါတယ်။ ခေတ်မီပရိဘောဂတွေ သုံးထားပြီး ဒီဒီဇိုင်းက သင့်အိပ်မက်ထဲက ဒီဇိုင်းတောင်ဖြစ်နိုင်ပါတယ်။

၃။ Modern Minimalist

သင်ဟာ လှပသန့်ရှင်းမှုကို ချစ်မြတ်နိုးတယ်ဆိုရင်တော့ ဒီဒီဇိုင်းကသင့်အတွက်ပါ။ ခေတ်မီ ပစ္စည်းတွေ အသုံးပြုထားပြီး လှပသေသပ်မှုကို အပြည့်အဝ ပေးနိုင်တဲ့ ဒီဇိုင်းလေးပါ။

၄။ Scandinavian Style

Scandinavian style ကတော့ ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းတစ်ခုပါ။ ဗြုတ်စဗျင်းတောင်း ရှုပ်ပွမနေပဲ ပစ္စည်းတွေ သပ်သပ်ရပ်ရပ် ထားရှိနိုင်တဲ့ ဒီဇိုင်းလေးပါ။ ဘေစင်၊ မီးဖိုနဲ့ ထမင်းစားစားပွဲ တစ်ဆက်တည်းရှိပြီး သင့်သူငယ်ချင်းတွေနဲ့ Mini-Bar တောင် လုပ်လို့ရသေးတယ်လို့ ဆိုပါတယ်။

၅။ Modern Classic Japan’s Style

ဒီဒီဇိုင်းလေးကတော့ ခေတ်မီ ဂျပန် Classic Style လေးဖြစ်ပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ ဂျပန် အိမ်ပုံစံမျိုး ခံစားရစေမှာပါ။

၆။ Soothing Zen Atmosphere

ဒီဒီဇိုင်းကတော့ အာရှရဲ့ ပုံစံကိုကောင်းကောင်း ခံစားရမှာပါ။ မနက်ခင်းမှာ ချက်ပြုတ်ရင်း ကော်ဖီသောက်ရင်း တည်ငြိမ်တဲ့ ရသကို ခံစားရစေမှာပါ။ ဗုဒ္ဓရုပ်ပွားတော်ကိုလည်း ထားရှိတာကြောင့် စိတ်အေးချမ်းမှု အပြည့်အဝခံစားရမှာပါ။

၇။ Efficient & Warm Style for a Limited Space

ဒီဒီဇိုင်းကတော့ မီးဖိုချောင်ကျဉ်းတဲ့ အိမ်တွေအတွက် အဆင်ပြေမှာပါ။ ကျစ်ကျစ်လစ်လစ်နဲ့ လှပသေသပ်အောင် ဖွဲ့စည်းထားပြီး အာရှမှာ လူကြိုက်များတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

၈။ Tinge of Mid Century Look

ဒီဒီဇိုင်းလေးကတော့ အလယ်ရာစုရဲ့ ပုံရိပ်တွေ မြင်ယောင်ခံစားရမှာပါ။ တစ်မူထူးခြားတဲ့ သစ်သားရောင်နဲ့ မျက်နှာကြက် သွင်ပြင်ကို မြင်တွေ့ရမှာပါ။

၉။ Charming and Comfortable Minimalist

ဆွဲဆောင်မှုရှိတဲ့ သစ်သားဖွဲ့စည်းမှု၊ သက်တောင့်သက်သာနဲ့ ကျစ်လစ်သေသပ်မှုနဲ့ အတူ အာရှရဲ့ ရသကို ခံစားရစေမယ့် ဒီဇိုင်းပါ။

၁၀။ Modern Japanese for the Composed Minded

ဂျပန်တွေရဲ့ ခေတ်သစ် ဖွဲ့စည်းမှုပုံစံနဲ့ လှပသေသပ်မှုကိုတွေ့ရမှာပါ။ ယခင်ဂျပန်ရိုးရာလို ကြမ်းပြင်မှာ ထိုင်ရမယ့်အစား ထိုင်ခုံနဲ့ထိုင်ရမယ့် ထမင်းစားခန်း ပုံစံပြင်ဆင်ထားပါတယ်။ ငြိမ်သက်အေးချမ်းတဲ့ ခံစားမှုမျိုး ပေးစွမ်းနိုင်မှာပါ။

ကျွန်ုပ်တို့ Phoenix Emperor Group မှ Kitchen Cabinet Design အမျိုးမျိုးကို လူကြီးမင်းတို့ စိတ်တိုင်းကျ ပြုလုပ်ပေးပါသည်။ ထို့အပြင် အိမ်တွင်းအလှဆင်ခြင်းအမျိုးမျိုး၊ ရုံးခန်း၊ အိမ်ခန်း ပြုပြင်အလှဆင်ခြင်း၊ PAE ဆောက်လုပ်ရေးနှင့် စတီးအလှဆင်ခြင်းလုပ်ငန်းများအပြင်၊ အအေးခန်းသုံးပစ္စည်းများကို အထူးဈေးနှုန်းဖြင့်တပ်ဆင်ပေးခြင်း၊ ကားအရောင်းပြခန်း၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်၊ စတိုးဆိုင်၊ ကားပါကင် စသည်တို့ကို Steel Structure ဖြင့် ကျွမ်းကျင်ပညာရှင်များဦးဆောင်၍ ကျွမ်းကျင်လုပ်သားများဖြင့် စိတ်တိုင်းကျ အမြန်တည်ဆောက်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Ref: Wilder Publications