ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံစိတ်ချစေရန် လိုက်နာရမည့်အချက် (၁၀)ချက်

Home / Blog / ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ဘေးကင်းလုံခြုံစိတ်ချစေရန် လိုက်နာရမည့်အချက် (၁၀)ချက်

၁။ သင်နှင့် သင့်ပတ်ဝန်းကျင် အန္တရာယ်ကင်းရှင်းရေးသည် သင့်တွင် တာဝန်ရှိသည်။
၂။ မတော်တဆဖြစ်ရပ် အားလုံးတို့သည် ကြိုတင်ကာကွယ်မှု ပြုလုပ်နိုင်သည်။
၃။ အလုပ်လုပ်ရာတွင် အမြန်ပြီးရန် ဖြတ်လမ်းနည်း မလိုက်ပါနှင့်။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းအတိုင်း ဆောင်ရွက်ပါ။
၄။ အကယ်၍သင်သည် လေ့ကျင့်ထားသော ကျွမ်းကျင်သူမဟုတ်ပါက သင့်သဘောအတိုင်း စမ်းသပ်၍မပြုလုပ်ပါနှှင့်။
၅။ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်ထားသောပစ္စည်းကို မှန်ကန်စွာ ရွေးချယ်အသုံးပြုပါ။
၆။ ကြုံတွေ့နိုင်သော စွန့်စားမှုများ၊ ဘေးအန္တရာယ်များကို အလုပ်မလုပ်ခင် ကြိုတင်မှန်းဆတွက်ချက်ထားပါ။
၇။ လျော့တိလျော့ရဲ အဝတ်အစားများ နှင့် ချောနေသောဖိနပ်များအား ဘယ်သောအခါမှ မဝတ်ဆင်ရ။
၈။ လုပ်ငန်းခွင်တွင် စနောက်ကျီစားခြင်း လုံးဝမပြုလုပ်ရ။
၉။ လုပ်ငန်းခွင်တွင် သန့်ရှင်းသပ်ရပ်မှုရှိစေရန် ဂရုပြုလုပ်ဆောင်ပါ။
၁၀။ သတ်မှတ်ထားသော ဘေးအန္တရာယ်ကင်း ဝတ်စုံများကို အမြဲဝတ်ဆင်ပါ။