လှေကား

Home / Blog / လှေကား

လှေကားဆိုတာ အစွန်းတစ်ဖက်ကနေ တစ်ဖက်ကို ခြေလှမ်းတွေ တစ်လှမ်းချင်း လှမ်းပြီး အလွယ်တကူ တက်လို့ရအောင် လုပ်ထားတဲ့အရာဖြစ်ပါတယ်။ လှေကားရဲ့ ရည်ရွယ်ချက်ကတော့ အမြင့်ကို အန္တရာယ်နည်းနည်းနဲ့ တက်လို့ရအောင် တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

လှေကားဆိုတာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေကျပေမယ့် အခုခေတ်မှ ပေါ်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းကျော် ကတည်းက လှေကားအတွက် အကြံဉာဏ်ရရှိပြီး အသုံးပြုခဲ့တယ်လို့ ယုံကြည်ကြပါတယ်။

စပိန်မှာရှိတဲ့ တကယ့်ကိုရှေးကျတဲ့ ရှေးဟောင်း လိုဏ်ဂူတစ်ခုထဲမှာ လှေကားပုံတွေ ရေးဆွဲထားတာကို တွေ့ရပါတယ်။

ထို့အပြင် သမ္မာကျမ်းစာတွေမှာလည်း လှေကားအကြောင်း ပါဝင်နေတာ တွေ့ရပါတယ်။ Jacob ရဲ့ အိပ်မက်ထဲမှာ ကောင်းကင်ဘုံနဲ့ မြေကြီးနဲ့ ဆက်သွယ်ထားတဲ့ လှေကားကို မြင်ရတယ်လို့ ဆိုပါတယ်။

လှေကားအမျိုးအစား များစွာရှိပါတယ်။ အားကစားတွေ ရဟတ်ယာဉ်တွေနဲ့ တောင်တက်တဲ့နေရာတွေမှာ ကြိုးလှေကား အမျိုးအစားကို သုံးကြပါတယ်။ မီးသတ်ကားတွေမှာတော့ အထပ်အမြင့်ပေါ်က လူတွေကို ကယ်တင်ဖို့ ဆန့်ထုတ်လို့ရတဲ့ လှေကား အမျိုးအစားကို အသုံးပြုကြပါတယ်။ လှေတွေနဲ့ ကုန်တင်ယာဉ်တွေမှာတော့ အသေတပ်ဆင်ထားတဲ့ လှေကားအမျိုးအစားကို အသုံးပြုပါတယ်။

၁၈၆၂ ခုနှစ်မှှာ အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်၊ ဒေးတန် မှ John H_Basely ဆိုသူက Step Ladder အမျိုးအစားကို တီထွင်ခဲ့ပါတယ်။ လှေကားကြားမှာ ပတ္တာတပ်ပြီး အလုပ်လုပ်ပြီးချိန်မှာ လှေကားကို ခေါက်သိမ်းနိုင်အောင် တီထွင်ခဲ့တာ ဖြစ်ပါတယ်။

လှေကားပုံစံအဟောင်းတွေက များသောအားဖြင့် ကြိုးနဲ့လုပ်ထားတဲ့ ကြိုးလှေကားတွေဖြစ်ပြီး နိုင်ငံတချို့မှာ အသုံးပြုနေကြပ်သေးတယ်။ သစ်သားနဲ့ပြုလုပ်ပြီး ကြိုးလှေကားထက် ပိုမိုခိုင်မာတောင့်တင်းတဲ့ သစ်သားလှေကားတွေကိုတော့ ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုကြပါတယ်။ သတ္တုနဲ့ပြုလုပ်တဲ့ Step Ladder အမျိုးအစားကတော့ ပိုမိုတောင့်တင်းပြီး ကြာရှည်အသုံးပြုနိုင်ပါတယ်။ အမျိုးမျိုးသော နေရာတွေမှာ အသုံးပြုဖို့ လှေကားအမျိုးမျိုး ယနေ့တိုင် တီထွင်ထုတ်လုပ်နေကြဆဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ Phoenix Emperor Group မှ လှေကား၊ လက်ရမ်း၊ ဝရန်တာ၊ သံပန်း၊ သံတံခါး၊ ဘာဂျာတံခါး၊ လိပ်တံခါး (Remote Control) စနစ်တို့ကို လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးပါသည်။ ထို့အပြင် အိမ်တွင်းအလှဆင်ခြင်းအမျိုးမျိုး၊ ရုံးခန်း၊ အိမ်ခန်း ပြုပြင်အလှဆင်ခြင်း၊ PAE ဆောက်လုပ်ရေးနှင့် စတီးအလှဆင်ခြင်းလုပ်ငန်းများအပြင်၊ အအေးခန်းသုံးပစ္စည်းများကို အထူးဈေးနှုန်းဖြင့်တပ်ဆင်ပေးခြင်း၊ ကားအရောင်းပြခန်း၊ စားသောက်ဆိုင်၊ ဘီယာဆိုင်၊ လက်ဘက်ရည်ဆိုင်၊ စတိုးဆိုင်၊ ကားပါကင် စသည်တို့ကို Steel Structure ဖြင့် ကျွမ်းကျင်ပညာရှင်များဦးဆောင်၍ ကျွမ်းကျင်လုပ်သားများဖြင့် စိတ်တိုင်းကျ အမြန်တည်ဆောက်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါတယ်။