မြန်မာနိုင်ငံ အိမ်ခြံမြေဥပဒေ ဧပြီလမတိုင်မီ ထွက်ရှိနိုင်ရန် ပြင်ဆင်လျက်ရှိ

Home / Blog / မြန်မာနိုင်ငံ အိမ်ခြံမြေဥပဒေ ဧပြီလမတိုင်မီ ထွက်ရှိနိုင်ရန် ပြင်ဆင်လျက်ရှိ

မြန်မာနိုင်ငံ၏ အိမ်ခြံမြေဥပဒေ ကို ယခုနှစ်ဧပြီလမတိုင်မီ ထွက်ရှိ ရန်ပြင်ဆင်လျက်ရှိကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (ဗဟို)မှသိရသည်။ အိမ်ခြံမြေဥပဒေပေါ်ထွက်လာ စေရေးအတွက် အထူး ကိစ္စရပ်များ ဥပဒေပြဋ္ဌာန်းရေး အဆင့်ထိ ရောက်ရှိနေပြီဖြစ်သော ကြောင့် ယင်းအထူးကိစ္စရပ်များ ဥပဒေပြဋ္ဌာန်းရေးဆွဲပြီးလျှင် လွှတ်တော်သို့ ဆက်လက်တင်ပြမည်ဖြစ်သည်။ လွှတ်တော်မှ ခွင့်ပြုချက်ရရှိပါက အများပြည်သူများ၏ သဘောတူ လက်ခံမှုဖြင့် တရားဝင်အတည်ပြုထုတ် ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိတွင် အိမ်ခြံမြေနှင့်ပတ်သက်သော ခိုင်မာသည့် ဥပဒေသစ်ရပ် တိကျစွာမရှိသေးသော်လည်း များမကြာမီ အိမ်ခြံမြေဥပဒေတစ်ရပ်ထွက်ရှိလာပါက အိမ်ခြံမြေလုပ်ကိုင်သူ များအတွက်ပိုမို၍ အခွင့်အရေးများ ရရှိမည်ဖြစ်သည်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု များလည်း ပိုမိုဝင်ရောက်လာနိုင်သော ကြောင့် တိကျသော ဥပဒေတစ်ရပ် အနှေးနှင့်အမြန် ပေါ်ထွက်လာရန် လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ အဆိုပါဥပဒေရေးဆွဲရာတွင် လွယ်ကူအဆင်ပြေအထောက်အကူ ဖြစ်စေရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ အိမ်ခြံ မြေလုပ်ငန်းများ၏ အချက်အလက်များ ထည့်သွင်းလိုသည်များကို ညှိနှိုင်းလုပ်ဆောင်ထားပြီး အနာဂတ်အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ် ဆောင်သွားရန်ရှိကြောင်းလည်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းမှ သိရသည်။

ယင်းဥပဒေမူကြမ်းကို ပြည်နယ်နှင့်တိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်းရှင်များနှင့် ဆွေးနွေးထားပြီး ဥပဒေမရှိသေးသောကြောင့် ပြည်သူများအနေဖြင့် အိမ်ခြံမြေနှင့်ပတ်သက်သည့် ဝန်ဆောင်မှုလုပ်ငန်းများကို မကျေနပ်၍ တိုင်ကြားလိုလျှင် တိုင်ကြားခွင့်မရရှိခြင်း စသည်တို့ ဖြစ်နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ခိုင်မာသော အိမ်ခြံမြေဥပဒေတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် အိမ်ခြံမြေသမားအချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် အစိုးရထံသို့တင်ပြခြင်း နှင့်ပြည်သူများကိုအသိပေးခြင်း စသည့်အဆင့်သုံးဆင့်ဖြင့် လုပ်ဆောင်နေကြောင်း သိရပါသည်။

ref: union daily