Blog

2019 မှာ ခေတ်စားလာတဲ့ Interior Design Trend နှစ်ခု

By admin

June 16, 2019

2019 မှာခေတ်စားလာတဲ့ အိမ်အတွင်းပိုင်းပြင်ဆင်မှုတွေကတော့ အထွေအထူးပြောင်းလဲတာမျိုးမဟုတ်ပေမဲ့ သင့်အခန်းကိုနဂိုနဲ့မတူတဲ့ ခံစားမှုကိုရရှိစေမှာပါ။

ပထမဆုံးဖြစ်နေတဲ့ Trend ကတော့ အိမ်အရှေ့ပိုင်းအတွက်ပါ။ထင်ထင်ရှားရှားနဲ့ကြီးတဲ့ အပင်ထားရှိတာပါပဲ။မည့်သည့်အပင်မျိုးမဆို အရွက်ကြီးကြီးနဲ့ စိမ်းဖန့်ဖန့်လှပထင်ရှားတဲ့ အရွက်တွေနဲ့ ဆွဲဆောင်မှုရှိစေပါတယ်။စာအုပ်စင်ဘေး ဒါမှမဟုတ် ဆိုဖာခုံဘေးထားရှိတာကလဲ အသွင်တမျိုးဆန်းစေပါတယ်။သင့်အိမ်မှာ ရရှိတဲနေရောင်ခြည်အလင်း ရေပမာဏစတာတွေနဲ့ သင့်တော်တဲ့အပင်မျိုးကိုရွေးချယ်ဖို့တော့လိုပါတယ်။

ထင်ရှားတဲ့အရောင်တွေနဲ့ပရိဘောဂတွေဟာလည်း 2019 မှာခေတ်စားလာပါတယ်။Navy ပြာရောင် အနီရင့်ရောင် လိမ္မော်ရောင် စတဲ့အရောင်တွေနဲ့ အိမ်အတွင်းပိုင်းကိုအသားပေး အသုံးပြုလာပါတယ်။အဖြူ ဒါမှမဟုတ် မီးခိုရောင်စတဲ့အခန်းအရောင်တို့နဲ့တွဲဖက်ပြီး တမူထူးဆန်းသစ်အောင် ပြင်ဆင်အသုံးပြုလာပါတယ်။

Ref-pinterest