Blog

Home / Blog
အိမ်ဆောက်တော့မှာလား? ဒါဆိုဒီအချက်တွေကိုသိထားပါ

အိမ်ဆောက်တော့မှာလား? ဒါဆိုဒီအချက်တွေကိုသိထားပါ

Blog
လူတိုင်း မိမိကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ စိတ်တိုင်းကျဆောက်ချင်ကြမှာပါ။အဲ့လိုမိမိစိတ်တိုင်းကျ မိမိနိုင်တဲ့ ငွေပမာဏနဲ့ အိမ်တစ်လုံးဆောက်ဖို့ဆိုရင် မဆောက်ခင် အခုဖော်ပြမဲ့ အချက်တွေကိုကြိုတင်သိရှိထားသင့်မယ်လို့ထင်ပါတယ်။ (more…)
Read More
နေအိမ်သန့်ရှင်းမှုမရှိရင် ဘာတွေဖြစ်လာနိုင်လဲ?

နေအိမ်သန့်ရှင်းမှုမရှိရင် ဘာတွေဖြစ်လာနိုင်လဲ?

Blog
ဒီတစ်ခါမှာတော့ ကိုယ်နေထိုင်တဲ့ အိမ်/အခန်းက သန့်ရှင်းမှု မရှိရင် ဘာတွေဖြစ်လာစေနိုင်လဲကို ဖော်ပြပေးသွားမှာပါ။ သာမန်မသန့်ရှင်းတာလောက်က မပြောပါ့လောက်ပေမဲ့ ဆိုးဆိုးဝါးဝါး မသန့်ရှင်းတဲ့ အိမ်/အခန်းဆိုရင်တော့ ထိခိုက်မှုတွေ ရှိလာနိုင်လို့ပါ။ ကဲဖြစ်လာနိုင်တဲ့ အချက်တွေကတော့... (more…)
Read More
တစ်ပတ်လုံး ဟောင်းနွမ်းနေတဲ့ သင့်အိမ်လေးကို အားလပ်ရက်မှာ သန့်ရှင်းကြမယ်

တစ်ပတ်လုံး ဟောင်းနွမ်းနေတဲ့ သင့်အိမ်လေးကို အားလပ်ရက်မှာ သန့်ရှင်းကြမယ်

Blog
တနင်္လာနေ့ကနေ သောကြာနေ့အထိ သေချာသန့်ရှင်းရေး မလုပ်ဖြစ်တဲ့ သင့်နေအိမ်ကို အခုလို အားလပ်ရက်တွေမှာ သန့်ရှင်းရေး လုပ်ပေးဖို့ လိုအပ်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့အိမ်မှာနေထိုင်ခြင်းဟာ ကျန်းမာရေးနဲ့သင့်တော်ယုံသာမ မိမိရဲ့ စိတ်ကိုကြည်လင်စေ ပါတယ်။ တကယ်လို့ သင့်ရဲ့အိမ်မှာ နေရတာဖုန်တွေထူပြီး မသပ်ရပ်တော့ဘူး သန့်ရှင်းမှုမရှိတော့ဘူး လို့ခံစားနေရရင် တစ်ရက်အတွင်း သန့်ရှင်းသပ်ရပ်တဲ့အိမ်လေးကို အချိန်တိုတွင်းရရှိစေမဲ့ နည်းလမ်းတွေ ဖော်ပြပေးပါမယ်…   မနက်ပိုင်းမှာ တော့ ပထမဦးဆုံး အိပ်ခန်းနဲ့အိပ်ယာတွေကိုစတင်သန့်ရှင်းရေးလုပ်ပါ။ အိပ်ယာခင်းတွေ ခေါင်းအုံးစွပ်စတာတွေကိုလျော်ဖွတ်ပြီး လှမ်းထားပါ။   ပြီးရင်တော့ မီးဖိုချောင် ဘေစင်မှာရှိတဲ့မဆေးရသေးတဲ့ပန်းကန်မှအစ ညစ်ပတ်နေတဲ့အရာတွေ ကိုဆေးကြောပါ။ မသန့်ရှင်းတဲ့ ဘေစင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရှိခြင်းက ကျန်းမာရေးကိုထိ ခိုက်စေပါတယ်။မိမိမှာအချိန်မအားလပ်သည့်တိုင်အောင် စားပြီးသား ပန်းကန် အသုံးပြုထားတဲ့ ပန်းကန်စတာတွေကိုချက်ချင်းဆေးကြောပြီး ပန်းကန်စင်ပေါ်မှာသပ်ရပ်စွာထားရှိပါ။   နေ့လည်အချိန်မှာတော့ တစ်အိမ်လုံးကို ရေဝတ်ဒါမှမဟုတ် Brush စတာနဲ့ ဖုန်တွေသုပ်ပေးပါ။ အဓိကနေရာတွေဖြစ်တဲ့ ရေချိုးခန်း အိမ်သာ နဲ့ မီးဖိုချောင်စတာတွေကို ဆေးကြောပြီး သန့်ရှင်းအောင်ပြု လုပ်ပါ။ ပြီးလျှင်တော့ အိမ်တွင်း ပရိဘောဂပစ္စည်းတွေမှာရှိတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို သုတ်ပါ။   အိပ်ခန်းနဲ့ မီးဖိုခန်း ဧည့်ခန်း စတဲ့အခန်းတွေရဲ့ကြမ်းပြင်ကို တံမြက်စည်း လှည်းပါ။ ဖုန်စုပ်စက် အသုံးပြု တာကတော့ ဖုန်တွေသာမကပစ္စည်းအတိုအစအန တွေပါမကျန်ရှင်းလင်းပေးတာကြောင့် အကောင်းဆုံးပါပဲ။   ဒီတခါမှာတော့ ခြင်းတစ်ခြင်းကိုလက်ကကိုင်ထားပြီး တအိမ်လုံးမှာရှိတဲ့ မလိုအပ်တော့ဘူးထင်တဲ့ အရာတွေကိုအရင်လိုက်သိမ်းပါ။ ခြင်းပြည့်သွားပြီး မလိုအပ်တာမရှိတော့ဘူးဆိုရင်တော့ နောက်တစ်ကြိမ် နေရာတကျမဟုတ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး သက်ဆိုင်ရာနေရာမှာထားရှိပါ။   အခုဖော်ပြတဲ့နည်းတွေအတိုင်းပြုလုပ်သွားမယ်ဆိုရင်တော့ အနည်းဆုံး သန့်ရှင်းသပ်ရပ်တဲ့ အိမ်လေးကို တစ်ရက် အတွင်း အမြန်ဆုံးရရှိမှာနော်။    
Read More
ယနေ့ခေတ်မှာ ဘာကြောင့် Apartment ကိုပိုမိုရွေးချယ်လာကြတာလဲ ?

ယနေ့ခေတ်မှာ ဘာကြောင့် Apartment ကိုပိုမိုရွေးချယ်လာကြတာလဲ ?

Blog
အခုခေတ်မှာ တိုက်ခန်း နဲ့နေထိုင်ခြင်းကိုများသောအားဖြင့် စိတ်ကျဉ်းကြပ်ခြင် မြေနေရာမရှိခြင်း စတဲ့ဆိုးကျိုးတွေပဲပြေးမြင်တတ်ကြပေမဲ့ တကယ်တမ်း တိုက်ခန်းနဲ့ နေရခြင်းရဲ့ ကောင်းတဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်။ (more…)
Read More
ကိုယ့်ခြံထဲမှာ ပန်းခြံအသေးစားလေးတွေ ဖန်တီးမယ်

ကိုယ့်ခြံထဲမှာ ပန်းခြံအသေးစားလေးတွေ ဖန်တီးမယ်

Blog
မြို့ပြလူဦးရေထူထပ်လာတာနဲ့အညီမြေနေရာရှားပါးတဲ့အတွက် တိုက်ခန်းနေသူတွေအတွက် အသေးစား ဥယျာဉ်လေးတွေ စိုက်ခင်းလေးတွေ ပြုလုပ်လို့ရတဲ့ Idea လေးတွေကိုဖော်ပြပေးလိုပါတယ် (more…)
Read More
အိမ်တစ်လုံး ဆောက်ဖို့ စိတ်ကူးရှိနေပြီလား?

အိမ်တစ်လုံး ဆောက်ဖို့ စိတ်ကူးရှိနေပြီလား?

Blog
လူတိုင်း မိမိကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ စိတ်တိုင်းကျဆောက်ချင်ကြမှာပါ။အဲ့လိုမိမိစိတ်တိုင်းကျ မိမိနိုင်တဲ့ ငွေပမာဏနဲ့ အိမ်တစ်လုံးဆောက်ဖို့ဆိုရင် မဆောက်ခင် အခုဖော်ပြမဲ့ အချက်တွေကိုကြိုတင်သိရှိထားသင့်မယ်လို့ထင်ပါတယ် (more…)
Read More
စကားပြောတဲ့ အိမ်တွင်းပြင်ဆင်မှု

စကားပြောတဲ့ အိမ်တွင်းပြင်ဆင်မှု

Blog
သင်ရဲ့အိမ်အတွင်းပိုင်းကိုကုန်ကျစရိတ်နည်းနည်းနဲ့အလွယ်တကူပြင်ဆင်လို့ရနိုင်မဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးလိုပါတယ်... သင့်အိမ်မှာရှိတဲ့သေးငယ်တဲ့အခန်းနံရံကို အရောင်ဖျော့ပြီး Soft ဖြစ်တဲ့အရောင်သုံးပေး ခြင်းဟာ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေပါတယ်။ မှန်ကိုအသုံးပြုပြီးအလှဆင်ခြင်းကလဲ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေတဲ့အပြင် မှန်မှပြန်တဲ့အလင်းကြောင့်အခန်းအလင်းရောင်ကိုလဲပိုမိုရရှိစေပါတယ်။ သင့်ရဲ့အခန်းနံ ရံတွေပြောင်ရှင်းကြီးဖြစ်နေတာကိုလဲ မှန်ချပ်တွေနဲ့အလှဆင်ပြီးသားဖြစ်စေတဲ့အတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ အစိမ်းရောင်အပင်တွေကို ဧည့်ခန်း ဒါမှမဟုတ် ရေချိုးခန်းစတဲ့နေရာတွေမှာ ပန်းအိုးလှ လှလေးတွေနဲ့အလှဆင်ခြင်းဟာလည်း ကုန်ကျစရိတ်သက်သာတဲ့အပြင် မြင်ရတာအမြင်အေးစေပါတယ်။ မကောင်းတဲ့အနံ့တွေကိုစုပ်ယူပြီးလထုကိုလည်းသန့်ရှင်းစေတဲ့အတွက် အနံ့အသက်မကောင်းတာတွေလဲသက်သာစေပါတယ်။ မီးဖိုချောင်နံရံမှာ နံရံကပ်စင်လေးတွေအသုံးပြုခြင်းဟာလဲ အိမ်ကိုရှင်းလင်းစေတဲ့ အပြင်နေရာ စားသက်သာကာ အမြင်ဆန်းစေမှာပါ။    
Read More