မိုးရာသီမှာ အန္တရာယ်ကင်းအောင်နေကြမယ်

Home / Blog / မိုးရာသီမှာ အန္တရာယ်ကင်းအောင်နေကြမယ်

အခုလိုမိုးရာသီမှာ ကျန်းမာရေးကိုဂရုစိုက်စရာလိုပြီး၊ နေအိမ်ပတ်ဝန်းကျင်ကိုလည်း ရှင်းလင်းနေအောင်ထားဖို့လည်း လိုအပ်ပါတယ်။ အိမ်အနီးနားမှာရှိတဲ့ သစ်ပင်တွေ၊ ခြုံနွယ်တွေကိုလည်း သေသေချာချာရှင်းလင်းထားဖို့လိုအပ်ပါတယ်။ လေတွေမိုးတွေ ကြမ်းတဲ့အချိန်မှာဆိုရင် ဒီသစ်ပင်တွေက အိမ်အတွက်အန္တရာယ်ရှိပါတယ်။ မတော်တဆကိုယ့်အိမ်ပေါ်ကို ပြုတ်ကျတာပဲ ဖြစ်ဖြစ်၊ လျှပ်စစ်မီးကြိုးတွေနဲ့ ငြိတာပဲ ဖြစ်ဖြစ် အန္တရာယ် တစ်စုံတစ်ခုဖြစ်နိုင်ပါတယ်။

အိမ်ပတ်ဝန်းကျင်မှာရှိတဲ့ ခြုံနွယ်တွေကလည်း ခြင်ယင်တွေရဲ့ ခိုနားနေရာဖြစ်တဲ့အတွက် အိမ်အနီးအနားမှာရှိတဲ့ ခြုံနွယ်တွေကို ရှင်းလင်းထားဖို့လိုအပ်ပါတယ်။ မိုးရာသီက ဖျားနာမှုတွေ၊ တုပ်ကွေးတွေ အဖြစ်များတဲ့ ရာသီဥတုဖြစ်တာကြောင့် အခြားရောဂါတွေ မဖြစ်လာစေဖို့ ကျန်းမာရေးကို ဂရုစိုက်ပြီး ကိုယ်ခံအားကောင်းအောင်နေပေးဖို့လိုအပ်ပါတယ်။ ကလေးငယ်တွေရှိခဲ့ရင်လည်း မိုးမမိစေဖို့နဲ့ နွေးနွေးထွေးထွေးထား ဖို့လိုအပ်ပါတယ်။ မိုးလေဝါသ သတင်းကိုလည်းနားစွင့်ထားဖို့လိုအပ်ပါတယ်။ ဒါမှသာ တခါတလေ မုန်တိုင်းရှိတာတို့၊ လေပြင်းတိုက်တာတို့ အစရှိတဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း သတိထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

ဒီအချက်တွေကို ဂရုစိုက်ပြီး မိုးရာသီမှာ ကျန်းကျန်းမာမာနဲ့ အန္တရာယ်ကင်းကင်း နေသွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။