Blog

အလင်းနည်းတဲ့ အခန်းကြောင့် စိတ်ရှုပ်နေရပါသလား?

By admin

February 16, 2020

8a5d635b-4268-4ea8-b4f2-e4abd9d5d9c5

သင်ဟာ အလင်းရောင်ကောင်းတဲ့ အခန်းကို ကြိုက်ပေမယ့် သင့်အခန်းကမှောင်ပြီး အလင်းရောင်မရလို့ စိတ်ညစ်ညူးပြီး အခန်းကစိတ်ပင်ပန်းစရာဖြစ်နေတယ်ဆို ဒီအချက်တွေကို ပြောင်းလဲလိုက်ပါ…

 

အခန်းထဲမှာရှိတဲ့ မီးလုံး နေရာကိုပြောင်းရွှေ့လိုက်ပါ။ အလင်းရောင်ပေးတဲ့ မီးက ရှိသင့်တဲ့နေရာမှာမရှိတာကလဲ အခန်းမှောင်ခြင်းရဲ့ အဓိကအချက်ပါပဲ။သင့်ရဲ့မီးလုံး ဒါမှမဟုတ် မီးချောင်းကို မှန်ကဲ့သို့အလင်းပြန်တဲ့ပစ္စည်းများနဲ့ အနီးမှာထားရှိပါ

 

မီးအိမ် စတာတွေကို သင်မထိုင်ဖြစ်တဲ့နေရာ ချောင်ကျတဲ့နေရာတွေမှာ ထက် သင်အမြဲထိုင်တတ် နေတတ်တဲ့နေရာအနီးအနားတွေပါ ပိုမိုထားရှိခြင်းဟာလည်း အလင်းရောင်ပိုမိုရရှိစေပါတယ်

 

သင့်အခန်းနံရံ ဒါမှမဟုတ် မျက်နှာကျက်ကိုအပေါက်လဲမဖြစ်ချင်ဘူး မီးလဲထပ်ထဲ့ချင်တယ်ဆိုရင်တော့ Arc Lamp လိုကွေးလို့ရတဲ့ မီးအိမ်အကြီးစားတွေကိုအသုံးပြုလို့ရပါသေးတယ်

 

အခန်းနံရံကပ် Wallpaper ကိုခြောက်ကပ်ကပ်အရောင်တွေအစား တောက်ပတဲ့အရောင်ကိုသုံးပေးပါ

 

မှန်အကြီးကြီးတွေ နဲ့အလှဆင်တာကလဲ အခန်းကိုပိုလင်းစေပါတယ်

 

လိုတာထက်ကြီးတဲ့ခန်းစီးလိုက်ကာတွေကလဲ အခန်းကိုမှောင်စေပါတယ်။ ကဲ…ဒီအချက်တွေကို ပြောင်းလဲပြီး တောက်ပတဲ့အခန်းလေးရဖို့မျှော်လင့်ပါတယ်။