အိမ်တွင်းပစ္စည်းတွေကို ဘယ်အချိန်တွေမှာ သန့်ရှင်းပေးသင့်လဲ?

Home / Blog / အိမ်တွင်းပစ္စည်းတွေကို ဘယ်အချိန်တွေမှာ သန့်ရှင်းပေးသင့်လဲ?

အိမ်တစ်အိမ်မှာ မိသားစု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အိမ်တွင်းသန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ဒါ့ကြောင့် အိမ်တွင်းပစ္စည်းတွေကို မကြာခဏ သူ့အချိန်နဲ့သူ ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။ ဘယ်လိုပစ္စည်းတွေလို ဘယ်လောက်ကြာ တစ်ခါ သန့်ရှင်းပေးဖို့လိုလဲဆိုတာကိုဖော်ပြပေးပါမယ်။

အိပ်ရာခင်း

အိပ်ရာခင်းတွေကိုတော့ တစ်ပတ် တစ်ခါဆိုသလို ရေနွေး ပူနဲ့ လျော်ဖွတ်ဖို့လိုအပ်ပါတယ်။အိပ်ရာခင်းမှာ ကပ်နေတဲ့ ဖုန်တွေ ဘက်တီရီးယားတွေဟာ အရေပြားဓာတ်မတည့်မှုတွေအပြင် ပန်းနာရင်ကျပ်စတာတွေကိုဖြစ်စေပါတယ်။

ခေါင်းအုံး

ခေါင်းအုံး တွေကိုတော့ ၃ လ ကနေ ၆ လ ကြားတကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။ခေါင်းအုံးမှာလဲ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေပေါက်ဖွား တဲ့အတွက် ရေနွေးနဲ့လျော်ဖွတ်ပေးပါ။မျက်နှာ ဝက်ခြံပေါက်တတ်သူတွေအဖို့ ၂ ပတ်ခြား တစ်ခါ ဆိုသလို လျော်ဖွတ်ပေးသင့်ပါတယ်။

မွေ့ရာ

မွေ့ရာလည်း ခေါင်းအုံးလိုပါပဲ ၃လ ကနေ ၆လကြား တစ်ကြိမ်တော့လျော်ဖွတ်သင့်ပါတယ်။

လိုက်ကာ

လိုက်ကာခန်းစီးတွေကိုလဲ တစ်နှစ် ကို နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးပါ။ လေဝင်လေထွက်များတဲ့နေရာက လိုက်ကာတွေဆို တစ်ပတ်တစ်ကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။ အိမ်မွေးတိရစ္ဆာန်မွေးသူတွေဆို တနှစ် နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးသင့်ပါတယ်။

အဝတ်လျော်စက်

အဝတ်လျော်စက် ကိုလည်းသန့်ရှင်းဖို့လိုပါတယ်။အဝတ်လျော်စက်ကို ရှာလကာရည် မုန့်ဖုတ်ဆော်ဒါ စတာတွေနဲ့ လတိုင်း သန့်ရှင်းဆေးကြောပေးပါ။

ပြတင်းတံခါးများ

ပြတင်းတံခါးတွေကိုတော့ တစ်နှစ် နှစ်ကြိမ်အနည်းဆုံး သန့်ရှင်းပေးပါ။ ပြတင်းတံခါးတွေကို အိမ်အတွင်း အပြင် နှစ်ဘက်လုံးသန့်ရှင်းပေးပါ။ ရေမြှုပ်ပေါ် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပြီး အခြောက်သုပ်ပေးပါ။

အိမ်သာ

အိမ်သာ သန့်ရှင်းရေးကိုတော့ တစ်ပတ်ကိုတစ်ကြိမ်တော့ အနည်းဆုံးပြုလုပ်သင့်ပါတယ်။

Ref – housecleaning