Blog

Productive ဖြစ်စေမယ့် Workplace Idea များ

By admin

July 06, 2019

သင်အလုပ်လုပ်ရာနေရာ ဒါမှမဟုတ် အလုပ်စားပွဲကို Decoration ပိုင်းကို သေသပ်လှပစွာထားခြင်းဟာ အလုပ်လုပ်ရာမှာ စိတ်ကြည်ပြီး Productive ဖြစ်စေပါတယ်။ ရှုပ်ပွနေတဲ့အလုပ်နေရာတစ်ခုဟာ သင့်ကိုစိတ်ကြည်လင်မှုမပေးနိုင်သလို လိုအပ်တာတခုရှာဖို့ ရှုပ်ပွနေတဲ့နေရာမှာရှာဖွေရတယ်ဆိုရင် အလုပ်ကိုနှောင့်နှေးစေမှာအမှန်ပါ။ ဒါ့ကြောင့် Productive ဖြစ်စေမဲ့ Decoration idea လေးတွေကိုဖော်ပြပေးပါမယ်။

ချစ်စရာအပင်ငယ်လေး တွေကိုအိုးသေးသေးလေးမှာစိုက်ပြီးထားရှိခြင်းဟာ သန့်ရှင်းတဲ့လေရရှိဖို့ အထောက်အပံ့လဲဖြစ်ပြီး အစိမ်းရောင်အပင်ကြောင့် မျက်စိအေးစေပါတယ်။

စားပွဲတင်နာရီ ထားရှိပါ။ စားပွဲတင်နာရီ ထားခြင်းဟာ ဖုန်းကိုဖွင့်ပြီးနာရီကြည့်မိခြင်းကို တားစီးပေးဖို့ဖြစ်ပါတယ်။ ဖုန်းကိုဖွင့်တဲ့အခါ မလိုလားအပ်တဲ့ Message တွေ Email Notification တွေကနေ အလုပ်ကိုအနှောင့်အယှက်ဖြစစေပါတယ်။

ပန်းအိုးလှလှလေးတစ်လုံးထားရှိခြင်းဟာလည်း စိတ်ကိုလန်းဆန်းစေပါတယ်။

Sticky Notes လေးတွေကလည်း တစ်ခုခုမှတ်သားလိုတဲ့အခါ များစွာအထောက်အကူပြုပါတယ်။

စားပွဲတင် Calendar တစ်ခုထားရှိခြင်းဟာလည်း ရှေးရိုးနည်းဆိုပေမဲ့ Appointment တွေ Client Meeting နဲ့ Deadline တွေကိုအလွယ်တကူမှတ်မိစေပါတယ်။