Blog

တိုက်ခန်းနဲ့နေတဲ့ အားသာချက်အချို့

By admin

January 06, 2020

တခါတလေမှာ တိုက်ခန်း နဲ့နေထိုင်ခြင်းကိုများသောအားဖြင့် စိတ်ကျဉ်းကျပ်ခြင်း မြေနေရာမရှိခြင်း စတဲ့ဆိုးကျိုးတွေပဲပြေးမြင်တတ်ကြပေမဲ့ တကယ်တမ်း တိုက်ခန်းနဲ့ နေရခြင်းရဲ့ ကောင်းတဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်…

ငွေကုန်ကျသက်သာခြင်း

တိုက်ခန်းနဲ့နေခြင်းဟာ Bill ကုန်ကျစရိတ်တွေ အငှားစရိတ်တွေမှာ အိမ်ခြံဝန်း စတာနဲ့နေခြင်းထက် ကုန်ကျစရိတ်သက်သာပါတယ်။ဥပမာ ဆိုရရင် တိုက်ခန်းအများစုဟာ အခန်းနေရာအရမ်းမကျယ်တဲ့အတွက် Aircon သုံးတာဖြစ်ဖြစ် Electric သုံးတာပဲဖြစ်ဖြစ် အိမ်ခြံနဲ့နေတာထက် အသုံးစရိတ်ချွေတာနိုင်ပါတယ်။အငှားခဟာဆိုရင်လည်း လုံးချင်းအိမ်တွေနဲ့ယှဉ်ရင် တိုက်ခန်းဟာပိုမိုသက်သာပြီး မြို့ထဲလိုနေရာမှာနေချင်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။

ပိုမိုလုံခြုံမှုရှိခြင်း

တိုက်ခန်းတွေဟာ များသောအားဖြင့် ဝင်ပေါက်နေရာ အများအပြားရှိပါတယ် ဥပမာ အရေးပေါ်ထွက်ပေါက်၊Main ထွက်ပေါက်၊ပြတင်းပေါက် အရန်ဝင်ပေါက် စသဖြင့်ရှိကြပါတယ်။အပြင်လူတစုံတယောက်ဝင်လာဖို့ဆိုတာမလွယ်ကူပါဘူး။ဝင်ပေါက်တွေမှာ Security ရှိတာမျိုးဆိုပိုတောင်ဝင်ဖို့ခက်ခဲပါတယ်။ဒါ့ကြောင့် သူခိုးလိုမျိုး အပြင်လူအလွယ်တကူဝင်ဖို့ဆိုတာမလွယ်ကူပါဘူးဝင်ရောက်ခိုးမယ်ဆို TV စတဲ့ပစ္စည်းမျိုးတွေကိုလူအများစုနေတဲ့ တိုက်ခန်းတွေကိုဖြတ်ပီး အလွယ်တကူသယ်ယူဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

ပြောင်းရွှေ့ရလွယ်ကူခြင်း

အပေါ်မှာပြောခဲ့သလိုပဲ အိမ်ငှားခတွေဟာ တိုက်ခန်းဟာ မြေထက်သက်သာတဲ့အတွက် အိမ်အပြောင်းအရွှေ့ စပေါ်/စရံ စတာတွေလဲသက်သာတဲ့အတွက် စိတ်အရမ်းဖိအားမများပဲ သင်ပြောင်းချင်တဲ့နေရာကို ပြောင်းရွှေ့ချင်တဲ့အခါ လွယ်ကူစေပါတယ်။

အပိုကုန်ကျစရိတ်သက်သာခြင်း

ခြံနဲ့နေသူတွေဟာ ခြံဝန်းအတွက်မီးဖိုး အခြားလမ်းခင်းဖို့ ခြံရှင်းဖို့ စတဲ့အသေးစား ကုန်ကျစရိတ်တွေထပ်မံ ကုန်ကျနိုင်ပါသေးတယ်။တိုက်ခန်းနဲ့နေသူတွေမှာတော့ ဒါတွေဟာ မရှိတဲ့အတွက် ကုန်ကျစရိတ်လျော့ ချတဲ့နေရာမှာ အဆင်ပြေပါတယ်။

ဒီနေ့တော့ တိုက်ခန်းနဲ့နေတာရဲ့ အကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။