Blog

Home Exterior ပိုင်းအတွက်သင့်တော်တဲ့ဆေးရောင်များ

By admin

November 23, 2018

အိမ်တစ်အိမ်ရဲ့အပြင်ဘက်မျက်နှာစာဆိုတာ First Impression ဖြစ်တဲ့အတွက် အမြဲကြည့်ကောင်းနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်အိမ်ရဲ့အပြင်ဘက်ကိုဆေးရောင်ခြယ်ရန် အသင့်တော်ဆုံး လူကြိုက်အများဆုံး အရောင်တွေကို လေ့လာနိုင်ရန် ဖော်ပြပေးပါမယ်…

1.ချောကလက်ရောင်(အညိုရောင်)

Chocolate Brown အရောင်ဟာ ကြီးမားတဲ့အိမ်တွေအတွက် အလွန်လိုက်ဖက်တဲ့အရောင်ပါ။ အစိမ်းရောင်ဖျော့ Cream Color အဖြူရောင် တို့နဲ့တွဲဖက်လိုက်ရင်တော့ သဘာဝဆန်တဲ့ အရောင်ကိုရရှိမှာပါ။

2.မိုးပြာရောင်

နူးညံ့သိမ်မွေ့တဲ့ မိုးပြာရောင်ကိုတော့ လူတိုင်းနီးပါးကြိုက်မယ်လို့ထင်ပါတယ်။ ကောင်းကင်ပြာ၊ ပင်လယ်ပြာ စတာတွေကို က်ုယ်စားပြုတဲ့အတွက် မြင်သူစိတ်ကိုအေးစေပြီး အိမ်အပြင်ပိုင်းအတွက် အဖြူရောင်နဲ့တွဲစပ်အသုံးပြုသင့်ပါတယ်။

3.အနီရောင်

အနီရောင်ကို အပြင်ပိုင်းအတွက် ရွေးချယ်မှုနည်းပေမဲ့ တကယ်တမ်း လိုက်ဖက်တဲ့အရောင်ပါ။ တော်ရုံသူလဲရွေးချယ်မှာမဟုတ်တဲ့အတွက် သင့်ရဲ့အိမ်ဟာတောက်ပပြီး ထင်ရှားနေမှာပါ။

4.Navy Blue

Navy Blue ဟာ မိုးပြာရောင်လို မလင်းပေမဲ့ အဖြူရောင်နဲ့တွဲဖက်အသုံးပြုတဲ့အခါ သူမတူပြီးလှပတဲ့ ပုံစံကိုရရှိစေပါတယ်။

5.Creamy White

Cream အရောင်လေးဟာ Shutter Shade တိုင်းနဲ့လိုက်ဖက်သလို အိမ်ကိုလင်းစေပြီး လူကြိုက်များတဲ့အရောင်ပါ။

Ref-Homedit