
Blog

Project Manager တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများ

By admin

April 24, 2018

Project Manager ၏ အခန်းကဏ္ဍသည် Construction Project များတွင် မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍဖြစ်သည်။ Project Manager မရှိလျှင် Project Team ၏ လုပ်ဆောင်ချက်များ နှေးကွေးခြင်း၊ လိုအပ်ချက်ရှိခြင်း၊ မှားယွင်းခြင်း စသည်တို့ ကြုံတွေ့နိုင်ပါသည်။ ထိုကြောင့် ယခုတစ်ပတ်တွင် Project Manager တစ်ယောက်တွင် ရှိရမည့် အရည်အချင်းများကို လေ့လာတင်ဆက်လိုက်ပါသည်။

၁။ စီမံကိန်းရေးဆွဲခြင်း

Project Manager တစ်ယောက်၏အရည်အချင်းတွင် စီမံကိန်းရေးဆွဲခြင်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရေတိုစီမံကိန်း၊ ရေရှည်စီမံကိန်း စသည်ဖြင့် လိုအပ်ချက်ပေါ်မူတည်၍ စီမံကိန်းရေးဆွဲနိုင်ရန် လိုအပ်သည်။

၂။ Communication Skill ကောင်းခြင်း

Communication သည်လည်း လုပ်ငန်းတိုင်းတွင် မရှိမဖြစ် အရေးပါသော ကဏ္ဍ့ဖြစ်သည်။ Communication လိုအပ်ချက်ကြောင့် အဖွဲ့အစည်းတွင် ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နိုင်ပါသည်။ Project Manager တစ်ယောက်သည် Communication Skill ကောင်းရန်လိုအပ်သည်။

၃။ အချိန်စီမံခန့်ခွဲခြင်း

အချိန်စီမံခန့်ခွဲခြင်း Time Management သည်လည်း လုပ်ငန်း၏ အသက်ဟုပင်ဆိုနိုင်သည်။ Project Manager တစ်ယောက်သည် မိမိ၏ ကိုယ်ပိုင်အချိန်သာမက Project Team ၏ အချိန်ကိုပါ စီမံခန့်ခွဲနိုင်ရန် လိုအပ်သည်။

၄။ ငွေကြေးစီမံခန့်ခွဲခြင်း

အချိန်စီမံခန့်ခွဲခြင်း အပြင် ငွေကြေးစီမံခန့်ခွဲခြင်း သည်လည်း Project Manager ၏ အရည်အချင်း တစ်ရပ်ဖြစ်သည်။ သို့မှသာ ငွေကြေးဆုံးရှုံးမှု လျှော့ချနိုင်မည်ဖြစ်သည်။

၅။ အလုပ်တာဝန်များ စီမံခန့်ခွဲခြင်း

အလုပ်တာဝန်များ စီမံခန့်ခွဲခြင်း သည်လည်း Project Manager တွင် ရှိရမည့် အရည်အချင်းဖြစ်သည်။ Project Team အား အလုပ်တာဝန်များကို စီမံခန့်ခွဲပြီး လူမှန်နေရာမှန် အလုပ်စေခိုင်းတတ်ရန် အရေးကြီးပါသည်။

၆။ Risk များအား စီမံခန့်ခွဲခြင်း

အောင်မြင်သော Project Manager တို့၏ အရည်အချင်းတွင် Risk များအား စီမံခန့်ခွဲနိုင်ခြင်းလည်း တစ်ခုအပါအဝင် ဖြစ်သည်။ လုပ်ငန်းတိုင်းတွင် လုပ်ငန်းကျယ်ပြန့်လာသည်နှင့်အမျှ Risk များလည်း တိုးလာမည် ဖြစ်သည်။ ထိုသို့သော Risk များကို စနစ်တကျ စီမံခန့်ခွဲ တတ်ရန်လိုအပ်သည်။

၇။ ခေါင်းဆောင်မှုပညာရှိခြင်း

Project Manager တစ်ယောက်သည် ပင်ကိုယ်အရည်အချင်းများ ရှိရမည့်အပြင် မိမိအဖွဲ့အစည်းအား ဦးဆောင်နိုင်ရန်လည်း လိုအပ်ပါသည်။ ခေါင်းဆောင်မှုပညာသည် Project Manager များတွင် ရှိထိုက်သော အရည်အချင်းဖြစ်သည်။

၈။ Negotiating Skill ကောင်းခြင်း

Negotiating သည်လည်း အလုပ်အများစုတွင် လိုအပ်သော အရည်အချင်းဖြစ်သည်။ လုပ်ငန်းချိတ်ဆက်မှုတွင် ဖြစ်ပေါ်သော Gap များကို Project Manager သည် လိုအပ်သလို ညှိနှိုင်းပေးနိုင်ရန် လိုအပ်သည်။

Ref: Aproplan, Project Manager