Blog

အိမ်တစ်အိမ်အတွက်မရှိမဖြစ်လိုအပ်တဲ့ Home Safety Tips များ

By admin

February 10, 2020

မိမိနေထိုင်ရာအိမ်ဟာ လှပသန့်ရှင်း ပြီး အမြင်အာရုံမှာပြည့်စုံနေပေမဲ့ အိမ်တစ်အိမ်မှာ မရှိမဖြစ်ဂရုစိုက်သင်တဲ့ လုံခြုံရေးလိုအပ်ချက်တွေလဲရှိပါသေးတယ်။အဓိကဂရုစိုက်ရမဲ့ အချက်လေးချက်ကတော့…

1. Electric Safety

အသုံးမပြုတော့တဲ့ Unplug appliance တွေ ဥပမာ ဖုန်းအားသွင်းကြိုး၊မီးပူကြိုး စတာတွေကို အသုံးပြုပြီးတိုင်း တန်းလန်းမထားခဲ့ပဲဖြုတ်ပေးပါ။ ရေစိုနေတဲ့လက်နဲ့ Electric ပစ္စည်းတွေကိုလုံးဝအသုံးမပြုပါနဲ့။ Electrical outlet တွေကိုဝန်အားနိုင်တာထက်ပို မသုံးမိပါစေနဲ့။လျှပ်စစ်ပစ္စည်းတွေ မှာညှော်နံ့ရတာ ပေါက်ပြဲပျက်စီးနေတာမျိုးတွေ့ရင် ဆက်မသုူံပဲလဲလှယ်ပေးပါ။

2. Water Safety

ရေချိုးကန်ထဲ သို့မဟုတ် ကလေးတွေအလွယ်တကူဝင်လို့ရမဲ့ ပုံးတွေမှာရေအမြဲသွန်ပေးခြင်းက ကလေးတွေအတွက်မလိုလားအပ်တဲ့မတော်တဆမှုကိုကင်းဝေးစေမှာပါ။ရေနဲ့ထိတွေ့နေချိန် ရေရှိတဲ့နေရာတွေမှာ မည်သည့်လျှပ်စစ်ပစ္စည်းကိုမှအသုံးမပြုပါနဲ့။ Rubber mat ကိုစိုစွတ်တဲ့နေရာမှာထားပေးခြင်းက ရေကြောင့်ချော်လဲတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးပါလိမ့်မယ်။

3. Lighting Safety

မိုးတွင်းမှာ မိုးကြိုးအန္တရာယ်ကာကွယ်နိုင်ရင် မိုးခြိမ်းနေချိန် မိုးသည်းထန်စွာရွာနေချိန်တွေမှာ ပြတင်းပေါက် တံခါးပေါက်စတာတွေနဲ့ဝေးဝေးမှာနေပါ။ လျှပ်စီးနိုင်တဲ့အရာမှန်သမျှအသုံးမပြုပဲပိတ်ထားပါ။ ကွင်းပြင်မှာရပ်နေခြင်း သစ်ပင်အောက်မှာရပ်နေခြင်းတွေမပြုလုပ်ပါနဲ့။မိုးကြိုးပစ်နေချိန်ဖုန်းလုံးဝမသုံးပါနဲ့။

4. Fire Safety

Fire Alarm တွေကိုသင့်အိမ်မှာတပ်ဆင်ထားပါ။အိမ်သုံးမီးသတ်ဆေးဗူးဆောင်ပါ။ ချက်ပြုတ်နေချိန်မှာ လက်ရှည်အကျီကို မခေါက်ပဲလျော့တိလျော့ရဲဝတ်ဆင်တာရှောင်ပါ။ မီးဖိုပေါ်ဟင်းအိုတည်ပြီး အခြားကိစ္စများသတိလက်လွတ်ဆောင်ရွက်ခြင်းအားမပြုလုပ်ပါနဲ့။ မီးပူတိုက်တဲ့အခါမှာ အဝတ်ပေါ်မီးပူကြိုးအားတပ်လျက်မထားခဲ့ပါနဲ့။