Blog

ကလေးငယ်တွေအတွက် လျှပ်စစ်ဆိုင်ရာ Safety Tips များ

By admin

October 13, 2019

လျှပ်စစ်ဟာ လူတွေအတွက်မရှိမဖြစ်လိုအပ်တာမှန်ပေမဲ့ စနစ်တကျမသုံးတတ်ရင် အလွန်အန္တရာယ်ကြီးမားပါတယ်။ လျှပ်စစ်ကြောင့်မတော်တဆဖြစ်ပြီးသေဆုံးသူဦးရေဟာ ကမ္ဘာတစ်ဝှမ်း နှစ်စဥ်အလွန်များပြားပါတယ်။ အထူးသဖြင့် ကလေးငယ် တွေကို လျှပ်စစ်နဲ့ပက်သက်ပြီး အသိပညာ ပေးရန်လိုအပ်လို့ ရိုးရှင်းပြီး နားလည်လွယ်မဲ့ Tips လေးတွေဖော်ပြပေးလိုက်ပါတယ်။

 

လက်ချောင်း ကစားစရာအရုပ် နဲ့ အခြားသောပစ္စည်းများကို လျှပ်စစ်ထွက်ပေါက်ရှိတဲ့နေရာမှန်သမျှ ထိုးသွင်းဆော့ကစားခြင်းမပြုရန် 

 

Hair Dryer ၊ Radio နဲ့အခြားသော Electronic Device တွေကို ရေချိုးကန် နဲ့ ရေနဲ့နီးစပ်သောနေရာတွေမထားစေရန်။ရေနဲ့လျှပ်စစ်ဟာ အကြီးမားဆုံးရန်သူဆိုတာသင့်ကလေးများအားသိရှိစေပါ။

 

မီးပလပ်ဖြုတ်တဲ့အခါ ကြိုး ကနေဘယ်သောအခါမှ မဖြုတ်စေရန် နဲ့ လျှပ်စစ်ကြိုးပေါက်ပြဲနေသောအခါ ဖြုတ်မိလျှင် အန္တရာယ်ရှိကြောင်းသိရှိစေရန်။

 

Video game စက် TV နဲ့အခြားသော လျှပ်စစ်အသုံးပြုရတဲ့ ပစ္စည်းများအပေါ် ရေခွက် အအေးခွက် အအေးဘူး စတာတွေမထားစေရန် ။

 

လျှပ်စစ် Power Line နီးတဲ့သစ်ပင်များအပေါ်ဆော့ကစားခြင်းမပြုလုပ်စေရန်

 

လျှပ်စစ် Warning Sign ပြထားတဲ့ မည်သည့်နေရာကိုမဆိုနီးကပ်စွာမနေရန် သတိပေးထားပါ။