Blog

အိမ်အလှဆင်ရာမှာ မှားယွင်းနေတဲ့အယူအဆများ

By admin

June 28, 2020

လူတိုင်းကိုယ့်ရဲ့အိမ်တွင်းကို သပ်ရပ်လှပပြီး ဆန်းသစ်စေချင်တာ သဘာဝပါပဲ။ဒါပေမဲ့ အိမ်အလှဆင်ရာမှာ မှားယွင်းနေတဲ့အယူအဆတွေကြောင့်သင့်ရဲ့အိမ်ကိုပိုမိုကြည့်ရဆိုးစေတဲ့အတွက် သတိထားနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

 

ပထမဆုံးတစ်ခုကတော့ Television ရဲ့ဘေးဘက်မှာ အလွန်အကျွန် Decoration ဆင်ခြင်းပဲဖြစ်ပါတယ်။ဧည့်ခန်းတစ်ခန်း မှာ TV တစ်လုံးရဲ့အရေးပါမှုကို အိမ်တိုင်းအားလုံးနီးပါးသိသော်လည်း TV ဟာ ဧည့်ခန်း၏ဗဟိုချက်မဖြစ်သင့်ပါဘူး။အကယ်၍ TV ကိုအသားပေးချင်ပါက TV ကိုအရင်နေရာချပြီး TV နောက်မှထည့်မည့်နေရာ ဧရိယာကိုအရင်ဒီဇိုင်းဆွဲပါ။ ဤနည်းဖြင့်သင်၏ထိုင်ခုံသည်စတိုင်ကျရုံသာမက မိသားစု သူငယ်ချင်းတွေနဲ့ TV ကြည့်ရတာကိုနှစ်သက်တယ်ဆိုရင်လည်းအဆင်ပြေစေမှာပါ။

 

နောက်တစ်ခုကတော့ အိမ်ထဲမှာအပင်စိုက်ခြင်းဖြစ်ပါတယ်။အပင်စိုက်တာကကောင်းတဲ့အချက်ဖြစ်ပေမဲ့လည်း သင်စိုက်ထားတဲ့နေရာမှ အခြားနေရာတွေထိရှည်လျားရှုပ်ထွေးသွားနိုင်တာမို့ အပင်နှင့်မကိုက်ညီသောနေရာများ အခန်းတွင်အပင်ရှင်သန်ရန်နေရာလုံးဝမရှိပါကမစိုက်သင့်ပါဘူး။

 

သင်ရဲ့အခန်းကိုခေတ်မှီဆန်းသစ်ချင်တယ်ဆိုရင် စားပွဲပေါ်မှာ ဓာတ်ပုံဘောင်များလွန်းခြင်းဟာ ခေတ်နောက်ကျနေသည့်ပုံစံဖြစ်လို့ရှောင်ရှားသင့်ပါတယ်။ဒါဟာသင့်ရဲ့ စားပွဲနဲ့အခန်းကို ရှုပ်ပွနေသောခံစားမှုပေးလို့ပဲဖြစ်ပါတယ်။အကယ်၍သင်ဟာ ဓာတ်ပုံတွေကိုအမှတ်တရ ထားရတာနှစ်သက်တယ်ဆို နံရံပေါ်မှာပြခန်းတစ်ခုလုပ်ပြီး ဆယ်စုနှစ် (သို့) အမှတ်တရဖြစ်ရပ်များကိုစုစည်းပြီးသင်ကြိုက်သလောက်ပြောင်းလဲအလှဆင်နိုင်ပါတယ်။

 

သင့်အခန်းထဲမှာ ဟိုတစ်နေရာ ဒီတစ်နေရာ ဖြစ်နေတဲ့ဝါယာကြိုးတွေဟာ သင့်ရဲ့အိမ်ကိုပိုပြီးရုပ်ဆိုးစေပါတယ်။ခြင်းတစ်ခုခု ဒါမှမဟုတ် Container အသေးတစ်ခုကိုနံရံပေါ်ကပ်ထားပြီး ဝါယာကြိုးတွေကိုထဲ့သွင်းအသုံးပြုနိုင်ပါတယ်။ခြင်းတောင်းထဲထဲ့ပြီး ခုံနောက်မှာထားခြင်းဖြင့်လည်း အဆင်ပြေစေမှာပါ။

 

Balance မညီတဲ့ ပရိဘောဂပစ္စည်းတွေကိုထားခြင်းကလည်းသင့်ရဲ့အိမ်ကိုအကျဥ်းတန်စေပါတယ်။ဥပမာ သင့်တွင်ကြီးမားသောဆိုဖာများရှိပါကသင်ရဲ့ စားပွဲဟာအရမ်းမကြီးမားသင့်ပါ။

 

အခုဖော်ပြတဲ့အချက်တွေထဲမှာ သင်ရောဘယ်အမှားတွေနဲ့ သင့်အိမ်ရဲ့အလှကိုဖျက်စီးနေမိပြီလဲ? လုပ်မိနေပြီိဆိုရင် အမြန်ဆုံးပြောင်းလိုက်တော့နော် ။