Blog

Interior Design အတွက် Professional Interior Designer တွေလိုက်နာတဲ့ Rules ခုနှစ်ချက်

By admin

December 23, 2019

Interior Design အတွက် တိကျသေသပ်ပြီး ခေတ်မှီတဲ့ ပုံစံဖြစ်အောင်စဥ်းစားနေတယ်ဆိုရင် Professional Interior Designer တွေလိုက်နာတဲ့ Rules ခုနှစ်ချက်ကိုမျှဝေပေးလိုပါတယ်။

 

Space (နေရာ)

Interior Design အတွက်အခြေခံအကျဆုံးအုတ်မြစ်ကတော့ ရနိုင်တဲ့နေရာပမာဏကိုတတ်နိုင်သလောက်လိုအပ်သလိုသတိထားယူဖို့ပါပဲ။နေရာအကျယ်အဝန်းက အလွယ်တကူပြန်ပြောင်းလို့မရနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။နေရာအကျယ်အဝန်းအပေါ်မူတည်ပြီး အခြားပစ္စည်းတွေကိုနေရာချရမှာဖြစ်တဲ့အတွက် အရေးကြီးပါတယ်။

 

Line

အလျားလိုက်၊ဒေါင်လိုက် Line တွေဟာ အခန်းတစ်ခန်းရဲ့ Shape ကိုပေါ်စေပြီး မျက်စိကို Guide လုပ်နိုင်ပါတယ်။ကိုယ့်အခန်းရဲ့တည်ဆောက်ပုံနဲ့ပရိဘောဂတွေကိုအသုံးချပြီး Line တွေကိုဖန်တီးခြင်းဟာ သင့်အခန်းကို ခေတ်မီလှပေစေမှာပါ။

 

Form (ပုံစံ)

Form လို့ဆိုတဲ့နေရာမှာတော့ အခန်းရဲ့ပုံစံအပြင်အခန်းထဲမှာရှိတဲ့အရာအားလုံးရဲ့ ပုံစံကိုဆိုလိုပါတယ်။

 

Light (အလင်း)

သဘာဝအလင်းဒါမှမဟုတ် အခြားသောလူပြုလုပ်ထားအလင်းတွေဟာနေရာတိုင်းမှာအရေးပါပါတယ်။အခန်းတစ်ခုရဲ့ Interior design ကိုပြုလုပ်တဲ့အခါ အလင်းဟာမဖြစ်မနေထည့်သွင်းစဥ်းစားရမဲ့အရာတစ်ခုပါပဲ။

 

Color (အရောင်)

အားလုံးသိတဲ့အတိုင်း အရောင် တွေကတော့ Interior Design အတွက်မရှိမဖြစ်နဲ့ Interior Designer တွေကျွမ်းကျင်တဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။အရောင်တွေဟာ အခန်းတစ်ခန်းရဲ့ ပြောင်းလဲမှုနဲ့လူတွေရဲ့စိတ်နေစိတ်ထားပါပြောင်းလဲစေတဲ့အတွက်အရေးပါတာကြောင့် ကျွမ်းကျင်တဲ့သူများနဲ့သာိုင်ပင်ပြင်ဆင်သင့်ပါတယ်။

 

Texture (ဖွဲ့စည်းတည်ဆောက်ပုံ)

ဖွဲ့စည်းတည်ဆောက်ပုံကတော့ အပေါ်ကအရာတွေထြစ်တဲ့ အရောင်တွေ Pattern စတာတွေကိုရောစပ်ပြီးဖန်တီးခြင်းတစ်မျိုးပါ။Interior Design တွေအတွက်တော့ဒီဖန်တီးမှုကနေ ပြီးထူးခြားတဲ့ပြင်ဆင်မှုတွေကိုဖြစ်ပေါ်စေတဲ့အတွက် အရေးကြီးတဲ့အချက်ပါပဲ။

 

Pattern (ပုံစံ)

အရောင်နဲ့တွဲဖက်တဲ့ ပုံစံတွေဟာ Texture နဲ့အလားတူအသုံးပြုသလိုပါပဲ ပုံစံတစ်မျိုးကိုထပ်ခါတလဲလဲသုံးသောဒီဇိုင်းဖြင့်ဖန်တီးထားပြီးနောက်ခံပုံများ၊ ပျော့ပျောင်းသောပရိဘောဂများ၊ ကော်ဇောများစတာတွေမှာပါတဲ့ Pattern ပုံစံတွေနဲ့ အခန်းကိုဖန်တီးခြင်းပါ။