ကမ္ဘာ့စျေးအကြီးဆုံး အိမ် (၅) လုံး

Home / Blog / ကမ္ဘာ့စျေးအကြီးဆုံး အိမ် (၅) လုံး

ဒီတစ်ခါဖော်ပြပေးမှာကတော့ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး အိမ် (၅) လုံးကို ဖောပြပေးသွားချင်ပါတယ်…

 

No.5 Franchuk Villa

အဆောက်အအုံကတော့ လန်ဒန်မြို့ရဲ့ အကြီးဆုံး အဆောက်အအုံ တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာတော့ ၅ ခုမြောက် စျေးအကြီးဆုံး အိမ်တစ်အိမ်လည်း ဖြစ်ပါတယ်။ တန်ဖိုးအရဆိုရင် $161 Million ရှိပါတယ်။ ဒီအိမ်ထဲမှာဆိုရင် underground indoor swimming pool, panic room, and private movie theatre ပါဝင်ပါတယ်။

 

No.4 The Hearst Mansion

The Hearst Mansion ကတော့ ကယ်လီးဖိုးနီးယားပြည်နယ်ထဲမှာ ရှိတဲ့ အိမ်တစ်လုံးဖြစ်ပါတယ်။ ဒီအိမ်ရဲ့ တန်ဖိုးကတော့ $165 Million ရှိပြီး ကမ္ဘာပေါ်မှာ ၄ ခုမြောက် စျေးအကြီးဆုံး အိမ်ထဲမှာပါဝင်ပါတယ်။ ရေကူးကန် ၃ ခု၊ အိပ်ခန်း ၂၉ လုံး၊ movie theater တွေပါဝင်တဲ့ အိမ်ကြီးတစ်လုံးလည်း ဖြစ်ပါတယ်။

 

No.3 Fairfield Pond

Fairfield Pond ကတော့ အမေရိကန်ပြည်ထောင်ရဲ့ တန်ဖိုးကြီးတဲ့ အိမ်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ တန်ဖိုးက $198 Million နဲ့ အိမ်ရဲ့အကျယ်အဝန်းတင် 66,000 square-foot ရှိပြီး ကမ္ဘာ့တတိယမြောက် စျေးအကြီးဆုံး အိမ်စာရင်း ဝင်ခဲ့ပါတယ်။

 

No.2 Villa Leopolda

Villa Leopolda ကိုတော့ ၁၉၀၂ မှာ ဘယ်လ်ဂျီယံဘုရင်က ဆောက်လုပ်ခဲ့ပြီး French Riviera မှာတည်ရှိပါတယ်။ ဒီအိမ်ရဲ့ အကျယ်အဝန်းကလည်း အရမ်းကို ကျယ်ပြီး ပန်းခြံပေါင်း ၅၀ လောက်ပါဝင်တယ်လို့လဲ ကောလဟာလ တွေ့ရှိပါတယ်။ တန်းဖိုးကတော့ $736 Million ရှိပြီး ကမ္ဘာ့ပေါ်မှာ ဒုတိယစျေးအကြီးဆုံး အိမ် စာရင်းဝင်ခဲ့ပါတယ်။

 

No.1 Antilla

 

Antilla ကတော့ Mumbai ရှိတဲ့ ကမ္ဘာ့ပထမ စျေးအကြီးဆုံး အိမ် စာရင်းထဲမှာပါဝင်ခဲ့ပါတယ်။ အခန်း ၆ ထပ်၊ ကားပါကင်၊ ရေကူးကန်၊ ခန်းမပေါင်းများစွာနဲ့ တန်ဖိုး 1 Billion Dollar ရှိတဲ့ အိမ်ကြီး တစ်လုံးလဲ ဖြစ်ပါတယ်။ ထူးခြားတဲ့ အိမ်အပြင်အဆင်တွေနဲ့ သာမန်အိမ်တွေမှာ မတွေ့ရတဲ့ အပြင်အဆင်မျိုးပေါင်းများစွာကိုလည်း ဒီအိမ်ကြီးမှာ တွေ့မြင်နိုင်ပါတယ်။