Blog

ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ (၅) ခု

By admin

August 11, 2019

ဒီတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အုံတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်…

Burj Khalifa, Dubai

Burj Khalifa ကတော့ Dubai မှာတည်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံပဲ ဖြစ်ပါတယ်။ အမြင့်ပေ ၂၇၁၇ ပေနဲ့ အထပ်ပေါင်း ၁၆၃ ထပ်ရှိပါတယ်။ ဒီအဆောက်အအုံကိုတော့ ၂၀၁၀ ခုနှစ်မှာ ဆောက်လုပ်ခဲ့ပါတယ်။

Shanghai Tower, Shanghai, China

ဒီ Shanghai Tower ကတော့ တရုတ်နိုင်ငံမှာ အမြင့်ဆုံး အဆောက်အအုံဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယအမြင့်ဆုံး စာရင်းဝင်ခဲ့ပါတယ်။ အမြင့်ပေ ၂၀၇၃ ပေနဲ့ အထပ်ပေါင်း ၁၂၈ ထပ်ရှိပါတယ်။ ဆန်းပြားတဲ့ ဆောက်လုပ်ရေးနည်းပညာနဲ့ ၂၀၁၃ ခုနှစ်မှာ စတင်ဆောက်ပြီး ၂၀၁၅ ခုနှစ်မှာတော့ တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။

Makkah Royal Clock Tower Hotel, Saudi Arabia

ဒီ Makkah Royal Clock Tower Hotel က Mecca မှာတည်ရှိပြီး အမြင့်ပေ ၁၉၇၁ ပေနဲ့ အထပ်ပေါင်း ၁၂၀ ရှိတဲ့ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အအုံကိုတော့ ၂၀၁၂ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

One World Trade Center

One World Trade Center ကတော့ New York မှာတည်ရှိပြီး အမြင့်ပေ ၁၇၇၆ ပေနဲ့ အထပ်ပေါင်း ၁၀၄ ထပ်ရှိတဲ့ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အအုံကိုတော့ ၂၀၁၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။

Taipei 101, Taiwan

Taipei 101 က အမြင့်ပေ ၁၆၇၀ ပေနဲ့ အထပ်ပေါင်း ၁၀၁ ထပ်ရှိတဲ့ အဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ဒီအဆောက်အအုံကိုတော့ ၂၀၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ ဒီအဆောက်အုံက Burj Khalifa မဆောက်လုပ်ခင်မှာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံစာရင်း ဝင်ခဲ့ပါသေးတယ်။