ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်တွေဆောက်လုပ်ထားတဲ့ ကစားကွင်းများ

ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်တွေဆောက်လုပ်ထားတဲ့ ကစားကွင်းများ

Blog
ဒီတစ်ခေါက်ဖော်ပြပေးသွားမှာကတော့ ကမ္ဘာ့အတော်ဆုံးဗိသုကာပညာရှင်ကြီးတွေဆောက်လုပ်ထားတဲ့ ကစားကွင်းတွေကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်... Wibit Sport Gmbh ဒီကစားကွင်းကတော့ ခရိုအေးရှားမှာရှိတဲ့ ရေပေါ်ကစားကွင်းဖြစ်ပြီး ဗိသုကာပညာရှင် Robert Cirjak ရဲ့လက်ရာပဲဖြစ်ပါတယ်။ Woods of Net Hakone Japan ဒီဂျပန်မှာရှိတဲ့ သက်တန့်ရောင်စုံပုံစံအလှဆင်ထားတဲ့ အသိုက်ပုံစံကလေးကစားကွင်းဟာ ဂျပန်ဗိသုကာပညာရှင် Toshiko Horiuchi Macadam ကတည်ဆောက်ထားတာပါ။ Silver Tower Playground in New York City ဒီလျောစီးတဲ့ ကလေးကစားကွင်းလေးကို Brooklyn ပညာရှင်  Tom Otterness ကတည်ဆောက်ထားတာပါ။ Parque Gulliver, Valencia, Spain စပိန်မှာရှိတဲ့ဒီကစားကွင်းကတော့ လူတိုင်းသိတဲ့ Gulliver’s Travels ပုံပြင်ကို Inspire ယူပြီးတည်ဆောက်ထားတာပါ။ Basketball Court, 9th Arrondissement, Paris ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာတည်ဆောက်ထားတဲ့ ဒီ Basketball ကစားကွင်းကိုတော့ Nike က Sponsor ပေးထားပြီး ဒီဇိုင်းပိုင်းကိုတော့ Ill Studio နဲ့ Pigalleကနေတည်ဆောက်ထားတာပါ။ Tower Playground, Copenhagen, Denmark အဆောက်အအုံ Tower နှစ်ခုကိုဆက်ထားတဲ့ပုံစံနဲ့တည်ဆောက်ထားတဲ့ဒီကစားကွင်းကတော့ ဒိန်းမတ်နိုင်ငံမှာတည်ရှိပါတယ်။ Ref - dailydesignanews
Read More
ကမ္ဘာကျော်တွေရဲ့တန်ဖိုးကြီးနေအိမ်များ

ကမ္ဘာကျော်တွေရဲ့တန်ဖိုးကြီးနေအိမ်များ

Blog
ကမ္ဘာကျော် Celebrities တွေနေထိုင်တဲ့တန်ဖိုးကြီးနေအိမ်တွေရဲ့တန်ဖိုးနဲ့အပြင်အဆင်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်... Taylor Swift ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုအရမ်းရရှိနေတဲ့အဆိုတော်မလေး Taylor Swift ရဲ့ ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills မှာရှိတဲ့နေအိမ်ကို Taylor ဟာ 25$ Million နဲ့ 2015 ခုနှစ်ကဝယ်ယူခဲ့ပါတယ်။ Kendall Jenner အောင်မြင်ကျော်ကြားတဲ့မော်ဒယ်မလေး Kendall Jenner ကတော့ 6.5£ Million ပမာဏရှိတဲ့ West Hollywood နေအိမ်အားဝယ်ယူခဲ့ပါတယ်။အဆိုပါ Luxury အိမ်မှာဆိုရင်တော့အိပ်ခန်း ၆ခန်း၊ရေချိုးခန်း ၅ ခန်းအပြင်ရေကူးကန်စသဖြင့်ပါဝင်ပါတယ်။ Celine Dion အဆိုကျော် Celine Dion ရဲ့ ဖလော်ရီဒါမှာရှိတဲ့နေအိမ်ဟာ 28$ Million တန်ကြေးရှိပြီး အိပ်ခန်း 13ခန်း  ရေချိုးခန်း 14 ခန်းပါဝင်ပြီး ရေကူးကန် ၂ ခုပါဝင်ပါတယ်။   Ref-Google, m.scmp.com
Read More
Living Room အတွက်သင့်တော်တဲ့ Painting Color များ

Living Room အတွက်သင့်တော်တဲ့ Painting Color များ

Blog
ယခုဖော်ပြပေးမှာကတော့ သင့်ရဲ့အိမ်ခန်းအတွက် လိုက်ဖက်သင့်တော်မဲ့ အရောင်အတွဲအစပ်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီပင်လယ်ရေပြာလို အပြာရောင်လေးတွေကိုအသုံးပြုထားတဲ့ပုံစံကတော့ အမြင်တောက်ပစေတဲ့အပြင် အလင်းရောင်ကိုရစေပြီး၊လွတ်လပ်မှုကိုခံစားစေနိုင်မဲ့အရောင်ပဲဖြစ်ပါတယ်။ Decoration ကိုပန်းဆီရောင် ပါတာတွေနဲ့တွဲစပ်အသုံးပြုထားပြီး အရမ်းကိုလှပပါတယ်။ ဒီတခါအပြာရောင်လေးကတော့ Blue Sky အရောင်လေးကိုအသုံးပြုထားပြီး အခန်းကိုပိုမိုလင်းစေတဲ့အပြင် သဘာဝအလင်းရောင်ကဲ့သို့ခံစားမှုကိုရရှိနိုင်ပါတယ်။သူနဲ့လိုက်ဖက်တဲ့ အစိမ်းဖျော့ ဒါမှမဟုတ် အပြာဖျော့ အရောင်ရှိတဲ့ Decoration တွေနဲ့သာဆို အရမ်းကိုလှပတဲ့အခန်းလေးကိုရရှိစေမှာပါ။ အခန်းကိုပန်းရောင်ဖျော့ဖျော့ဆေးရောင်အသုံးပြုထားပြီး အခန်းတွင်း Decoration ကို သဘာဝရဲ့ အညို ရောင်တွဲစပ်ဖန်တီးထားတဲ့ဒီအခန်းပုံစံဟာလဲ သဘာဝကျပြီး ရိုးရှင်းတဲ့အရောင်ကြိုက်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။ ဒီအစိမ်းရောင် အခန်းလေးကတော့မြင်လိုက်တာနဲ့ လင်းခနဲဖြစ်သွားစေပြီး ဒီအရောင်လေးကိုအသုံးပြု မယ်ဆိုရင်တော့ Decoration လုပ်တဲ့အခါအဖြူရောင်နဲ့အစိမ်းဖျော့အရောင်နဲ့တွဲစပ်တာအသင့်တော်ဆုံးပါ။ Ref - housebeautiful
Read More
သင့်ရဲ့အိပ်ခန်းကိုအသစ်ဖြစ်သွားစေမဲ့ပြင်ဆင်ချက်များ

သင့်ရဲ့အိပ်ခန်းကိုအသစ်ဖြစ်သွားစေမဲ့ပြင်ဆင်ချက်များ

Blog
အိပ်ခန်းဆိုတာ သက်တောင့်သက်သာနဲ့အဆင်ပြေပြေအိပ်စက်အနားယူဖို့သာမက လူတစ်ယောက်အတွက် ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အနားယူလို့ရတဲ့ နေရာဖြစ်တဲ့အတွက် မိမိရဲ့အိပ်ခန်းကိုပြင်ဆင်တဲ့နေရာမှာ အမြဲနေနေကျပုံစံအတိုင်းနေရတဲ့အခါ စိတ်ညစ်ညူးစေပါတယ်။ ဒါကြောင့် မိမိအိပ်ခန်းကိုအသစ်စက်စက်အခန်း မှာပြောင်းနေလိုက်ရသလို ခံစားမှုကိုရရှိစေဖို့ လိုအပ်တဲ့ပြင်ဆင်မှုလေးတွေကိုဖော်ပြပေးလိုပါတယ်။ သင့်ရဲ့အိပ်ယာခင်းတွေဟာဟောင်းနွမ်းကြာမြင့်နေပြီဆို ကျန်းမာရေးနဲ့လဲမသင့်တော်တဲ့အတွက် အသစ်လဲလှယ်အသုံးပြုသင့်ပါတယ်။သာမာန်သုံးနေကျအရောင်မျိုးမဟုတ်ပဲ Bright ဖြစ်တဲ့အရောင်လေးတွေ မျက်စိအေးစေမဲ့အိပ်ယာခင်းမျိုးနဲ့လဲလှယ်လိုက်ပါ။ သင့်ကုတင်ရဲ့ နံရံအလည်တည့်တည့်မှာ သင်နှစ်သက်တဲ့ ပန်းချီကား ဒါမှမဟုတ် နံရံကပ်အလှဆင်တဲ့ အရာတစ်ခုခုကိုထားလိုက်ပါ။ အိပ်ခန်းရဲ့ ဒေါင့်တစ်နေရာရာမှာစာဖတ်ဖို့ ဒါမှမဟုတ် ကွန်ပျူတာအသုံးပြုနိုင်မဲ့အသေးစားနေရာလေး တစ်ခုပြင်ဆင်လိုက်ပါ။ သင့်အခန်းကိုအသစ်ကဲ့သို့ခံစားရစေမဲ့ အချက်တစ်ခုပါပဲ။ ပြတင်းတံခါးမှာတပ်ဆင်တဲ့လိုက်ကာတွေကိုလဲ အသစ်ဝယ်ဖို့အစီအစဉ်ရှိလျင်လဲလှယ်တပ်ဆင်ပါ။ ဒါမှမဟုတ် လျော်ဖွတ်ပြီးနေရာအပြောင်းအလဲဖြစ်အောင်တပ်ဆင်ပါ။ ပန်းအိုးလှလှလေးတွေထားရှိတာ နံရံမှာမှန်တပ်ဆင်တာ နံရံမှာ ပို့စ်ကတ်တွေ ဓာတ်ပုံလေးတွေ ချိတ်ပေးတာမျိုးကလည်း သင့်အခန်းကိုအသစ်ကဲ့သို့ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမဲ့ အခန်းကို အရမ်းရှုပ်ထွေးအောင်မပြင်ဆင်ဖို့လဲလိုပါတယ်။ အခန်းကိုလေဝင်လေထွက်ကောင်းမွန်အောင်ပစ္စည်းတွေထားတဲ့အခါဂရုစိုက်ပါ။ နံရံကပ်စာအုပ်စင်အသေးစားလေးတွေထားရှိပါ။မလိုအပ်တဲ့ပစ္စည်းတွေကိုရှင်းထုတ်လိုက်ပါ။တစ်ခါတစ်ရံ အသုံးမလိုတဲ့ပစ္စည်းတွေဟာ အခန်းကိုရှုပ်ထွေးညစ်နွမ်းစေပါတယ်။
Read More
စိတ်ကူးကောင်းကောင်းနဲ့ ဆောက်လုပ်ထားတဲ့ကျောက်တုံးအိမ်လှလှလေးများ

စိတ်ကူးကောင်းကောင်းနဲ့ ဆောက်လုပ်ထားတဲ့ကျောက်တုံးအိမ်လှလှလေးများ

Blog
  ဒီတစ်ပတ်ဖော်ပြချင်တာကတော့ စိတ်ကူးကောင်းကောင်းနဲ့ဆောက်လုပ်ထားတဲ့ချစ်စရာကျောက်တုံးအိမ်လေးတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ သင်ဟာ တိုက်ခန်းနဲ့ နေသူမဟုတ်ဘူးဆိုရင်တော့ ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်နိုင်ပါတယ်။ သင်ဟာ Civil Engineer တစ်ဦး၊ ဆောက်လုပ်ရေးသမားတစ်ဦးဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ သင့်မိသားစုအတွက်ဖြစ်ဖြစ် ဒါမှမဟုတ် အားလပ်ရပ်အပန်းဖြေဖို့ပဲဖြစ်ဖြစ် စိတ်ကူးကောင်းကောင်းနဲ့ ဒီကျောက်တုံးအိမ်လေးကို ဆောက်လုပ်ကြည့်နိုင်ပါတယ်။   တောင်ပေါ်ဒေသတွေမှာဆိုရင်တော့ ကျောက်တုံးလေးတွေ ပိုပေါများပါတယ်။ ဒီလိုကျောက်တုံးလေးတွေကိုစုဆောင်းထားပြီး သင့်မိသားစုနဲ့ အပန်းဖြေနိုင်သလို၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အပန်းဖြေနိုင်ပါတယ်။ အပန်းဖြေဖို့ အတွက်မဟုတ်ပဲ ပန်းခြံလေးတစ်ခြံ အဖြစ်ဆောက်လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒီတော့ စိတ်ကူးကောင်းကောင်းနဲ့ဆောက်လုပ်ထားတဲ့ ကျောက်တုံးအိမ်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်….  
Read More
သင့်ရဲ့အိမ်အတွင်းပိုင်းကိုတောက်ပလာစေမဲ့အသေးစားပြင်ဆင်ချက်များ

သင့်ရဲ့အိမ်အတွင်းပိုင်းကိုတောက်ပလာစေမဲ့အသေးစားပြင်ဆင်ချက်များ

Blog
သင်ရဲ့အိမ်အတွင်းပိုင်းကိုကုန်ကျစရိတ်နည်းနည်းနဲ့အလွယ်တကူပြင်ဆင်လို့ရနိုင်မဲ့နည်းလမ်းလေးတွေကိုဖော်ပြပေးလိုပါတယ်... သင့်အိမ်မှာရှိတဲ့သေးငယ်တဲ့အခန်းနံရံကို အရောင်ဖျော့ပြီး Soft ဖြစ်တဲ့အရောင်သုံးပေးခြင်းဟာ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေပါတယ်။ မှန်ကိုအသုံးပြုပြီးအလှဆင်ခြင်းကလဲ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေတဲ့အပြင် မှန်မှပြန်တဲ့အလင်းကြောင့်အခန်းအလင်းရောင်ကိုလဲပိုမိုရရှိစေပါတယ်။ သင့်ရဲ့အခန်းနံ ရံတွေပြောင်ရှင်းကြီးဖြစ်နေတာကိုလဲ မှန်ချပ်တွေနဲ့အလှဆင်ပြီးသားဖြစ်စေတဲ့အတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ အစိမ်းရောင်အပင်တွေကို ဧည့်ခန်း ဒါမှမဟုတ် ရေချိုးခန်းစတဲ့နေရာတွေမှာ ပန်းအိုးလှ လှလေးတွေနဲ့အလှဆင်ခြင်းဟာလည်း ကုန်ကျစရိတ်သက်သာတဲ့အပြင် မြင်ရတာ အမြင်အေးစေပါတယ်။ မကောင်းတဲ့အနံ့တွေကိုစုပ်ယူပြီးလထုကိုလည်းသန့်ရှင်းစေတဲ့အတွက် အနံ့အသက်မကောင်းတာတွေလဲသက်သာစေပါတယ်။ မီးဖိုချောင်နံရံမှာ နံရံကပ်စင်လေးတွေအသုံးပြုခြင်းဟာလဲ အိမ်ကိုရှင်းလင်းစေတဲ့ အပြင်နေရာ စားသက်သာကာ အမြင်ဆန်းစေမှာပါ။ Ref - freshome
Read More
အိမ်တွင်းအသေးစား Garden လေးများ

အိမ်တွင်းအသေးစား Garden လေးများ

Blog
မြို့ပြလူဦးရေထူထပ်လာတာနဲ့အညီမြေနေရာရှားပါးတဲ့အတွက် တိုက်ခန်းနေသူတွေအတွက် အသေးစား ဥယျာဉ်လေးတွေ စိုက်ခင်းလေးတွေ ပြုလုပ်လို့ရတဲ့ Idea လေးတွေကိုဖော်ပြပေးလိုပါတယ်။ ဝရန်တာမှာ ပဲဖြစ်ဖြစ် တိုက်ရဲ့ခေါင်မိုးနေရာ ဒါမှမဟုတ် မီးဖိုးချောင်ရဲ့ဒေါင့်လေးတွေမှာ ပန်းပင်လေးတွေသာမက မီးဖိုချောင်သုံးဟင်းခတ်အပင်လေးတွေ ဆေးဖက်ဝင်အပင်လေးတွေကိုလည်း စိုက်ပျိုးလို့ရတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အောဂဲနစ်စစ်စစ်ကိုရတဲ့အပြင် အသုံးစရိတ်လဲချွေတာနိုင်မှာပါ။ နောက်တစ်ချက်က သစ်ပင်တွေဆီက အောက်ဆီဂျင်လည်းရရှိတဲ့အတွက် လေကောင်းလေသန့်ရရှိပြီး ပျော်ရွှင်ကျန်းမာတဲ့ဘဝလေးတွေကို ပိုင်ဆိုင်နိုင်မှာပါ။
Read More
အာဆီယံ စတိုင်သေသပ်လှပတဲ့ Restaurant Design များ

အာဆီယံ စတိုင်သေသပ်လှပတဲ့ Restaurant Design များ

Blog
အာရှနိုင်ငံတွေရဲ့ အဆင့်မြင့် Restaurant ပုံစံဒီဇိုင်းတွေကိုအာရှနိုင်ငံတွေသာမက ကမ္ဘာတစ်ဝှမ်း ကနှစ်သက်ကျပါတယ်။ လှပသေသပ်ပြီးရှင်းလင်းတဲ့ Design အပြင် ရိုးရာဒေသဖန်တီးမှုတွေကို အခြေခံတဲ့ Restaurant အပြင်အဆင်ဟာ စားသုံးသူတွေကိုဆွဲဆောင်နိုင်ပါတယ်။ ယနေ့ခေတ် လူကြိုက်များတဲ့ အာဆီယမ် Interior Restaurant Design တွေကိုဖော်ပြပေးလိုက်ပါတယ်။ Ref - ineoteric
Read More