အိမ်ခြံဝန်းမှာအသေးစား Garden လေးစိုက်ရအောင်

အိမ်ခြံဝန်းမှာအသေးစား Garden လေးစိုက်ရအောင်

Blog
ကဲဒီတစ်ပတ်ဖော်ပြပေးမှာကတော့ ခြံဝန်းနဲ့နေသူတွေအတွက် သန့်ရှင်းသပ်ရပ်ပြီး ကြည်နူးဖွယ်ရာခြံဝန်းလေးရရှိစေရန် ပြုပြင်ဖန်တီးနိုင်မဲ့ နည်းလမ်းကောင်းတွေမျှဝေလိုက်ပါတယ်။ (more…)
Read More
သင့်ရဲ့ အိပ်ခန်းဟောင်းနွမ်းနေလို့ စိတ်ညစ်နေပါသလား?

သင့်ရဲ့ အိပ်ခန်းဟောင်းနွမ်းနေလို့ စိတ်ညစ်နေပါသလား?

Blog
အိပ်ခန်းဆိုတာ သက်တောင့်သက်သာနဲ့အဆင်ပြေပြေအိပ်စက်အနားယူဖို့သာမက လူတစ်ယောက်အတွက် ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အနားယူလို့ရတဲ့ နေရာဖြစ်တဲ့အတွက် မိမိရဲ့အိပ်ခန်းကိုပြင်ဆင်တဲ့နေရာမှာ အမြဲနေနေကျပုံစံအတိုင်းနေရတဲ့အခါ စိတ်ညစ်ညူးစေပါတယ်။ဒါကြောင့် မိမိအိပ်ခန်းကိုအသစ်စက်စက်အခန်းမှာပြောင်းနေလိုက်ရသလို ခံစားမှုကိုရရှိစေဖို့ လိုအပ်တဲ့ပြင်ဆင်မှုလေးတွေကိုဖော်ပြပေးလိုပါတယ်။ (more…)
Read More
ကုန်ကျစရိတ်သက်သာတဲ့အိမ်တွင်းအသေးစားပြင်ဆင်မှုများ

ကုန်ကျစရိတ်သက်သာတဲ့အိမ်တွင်းအသေးစားပြင်ဆင်မှုများ

Blog
သင့်အိမ်အတွင်းပိုင်းကို ခေတ်မီဆန်းသစ်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ အလွယ်တကူပြင်ဆင် နိုင်မဲ့နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။ (more…)
Read More
အိမ်တွင်းပစ္စည်းတွေကို ဘယ်အချိန်တွေမှာ သန့်ရှင်းပေးသင့်လဲ?

အိမ်တွင်းပစ္စည်းတွေကို ဘယ်အချိန်တွေမှာ သန့်ရှင်းပေးသင့်လဲ?

Blog
အိမ်တစ်အိမ်မှာ မိသားစု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အိမ်တွင်းသန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ဒါ့ကြောင့် အိမ်တွင်းပစ္စည်းတွေကို မကြာခဏ သူ့အချိန်နဲ့သူ ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။ ဘယ်လိုပစ္စည်းတွေလို ဘယ်လောက်ကြာ တစ်ခါ သန့်ရှင်းပေးဖို့လိုလဲဆိုတာကိုဖော်ပြပေးပါမယ်။ (more…)
Read More
မိသားစုအမှတ်တရဓာတ်ပုံများနဲ့အလှဆင်မယ်

မိသားစုအမှတ်တရဓာတ်ပုံများနဲ့အလှဆင်မယ်

Blog
မိသားစု ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်အမှတ်တရဓာတ်ပုံလေးတွေနဲ့ အိမ်ကိုအလှဆင်ရတာဝါသနာပါသူတွေအတွက် ဆန်းသစ်ပြီး အမြင်ဆန်းစေတဲ့ မိသားစုပုံ Showcase Idea လေးတွေကိုဖော်ပြပေးလိုက်ပါတယ်... (more…)
Read More
Home Exterior ပိုင်းအတွက်သင့်တော်တဲ့ဆေးရောင်များ

Home Exterior ပိုင်းအတွက်သင့်တော်တဲ့ဆေးရောင်များ

Blog
အိမ်တစ်အိမ်ရဲ့အပြင်ဘက်မျက်နှာစာဆိုတာ First Impression ဖြစ်တဲ့အတွက် အမြဲကြည့်ကောင်းနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်အိမ်ရဲ့အပြင်ဘက်ကိုဆေးရောင်ခြယ်ရန် အသင့်တော်ဆုံး လူကြိုက်အများဆုံး အရောင်တွေကို လေ့လာနိုင်ရန် ဖော်ပြပေးပါမယ်... (more…)
Read More
ရိုးရှင်းတဲ့လက်ရာများနဲ့ဖွဲ့စည်းထားတဲ့ Asian Restaurant ဒီဇိုင်းများ

ရိုးရှင်းတဲ့လက်ရာများနဲ့ဖွဲ့စည်းထားတဲ့ Asian Restaurant ဒီဇိုင်းများ

Blog
အာရှနိုင်ငံတွေရဲ့ရိုးရာယဉ်ကျေးမှုတွေကိုအခြေခံထားတဲ့အလှဆင်မှုပုံစံတွေကိုအာရှနိုင်ငံတွေမှာသာမက ကမ္ဘာတစ်ဝှမ်းကနှစ်ခြိုက်ကျပါတယ်။ ရိုးရှင်းသပ်ရပ်ပြီးဆွဲဆောင်မှုရှိတဲ့အခန်းဖွဲ့စည်းပုံအပြင် ပရိဘောဂ ဒီဇိုင်းတွေကလည်းဆွဲဆောင်မှုရှိပါတယ်။ တကယ်လို့သင်ဟာရိုးရှင်းသပ်ရပ်ပြီးဆွဲဆောင်မှုရှိတဲ့ ဆိုင်တစ်ဆိုင်ကိုလိုချင်သူဆိုရင်တော့ဒီဆိုင်ခန်းဖွဲ့စည်းပုံကသင့်အတွက်အကောင်းဆုံးဖြစ်မှာပါ။ ဒါကြောင့် Asian Restaurant Design တွေကိုလေ့လာလို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။ (more…)
Read More
တစ်ရက်အတွင်းအိမ်ကိုသန့်ရှင်းအောင်လုပ်မယ်

တစ်ရက်အတွင်းအိမ်ကိုသန့်ရှင်းအောင်လုပ်မယ်

Blog
သန့်ရှင်းသပ်ရပ်တဲ့အိမ်မှာနေထိုင်ခြင်းဟာ ကျန်းမာရေးနဲ့သင့်တော်ယုံသာမ မိမိရဲ့ စိတ်ကိုကြည်လင်စေ ပါတယ်။ တကယ်လို့ သင့်ရဲ့အိမ်မှာ နေရတာဖုန်တွေထူပြီး မသပ်ရပ်တော့ဘူး သန့်ရှင်းမှုမရှိတော့ဘူး လို့ခံစားနေရရင် တစ်ရက်အတွင်း သန့်ရှင်းသပ်ရပ်တဲ့အိမ်လေးကို အချိန်တိုတွင်းရရှိစေမဲ့ နည်းလမ်းတွေ ဖော်ပြပေးပါမယ်။ မနက်ပိုင်းမှာ တော့ ပထမဦးဆုံး အိပ်ခန်းနဲ့အိပ်ယာတွေကိုစတင်သန့်ရှင်းရေးလုပ်ပါ။ အိပ်ယာခင်းတွေ ခေါင်းအုံးစွပ်စတာတွေကိုလျော်ဖွတ်ပြီး လှမ်းထားပါ။ ပြီးရင်တော့ မီးဖိုချောင် ဘေစင်မှာရှိတဲ့မဆေးရသေးတဲ့ပန်းကန်မှအစ ညစ်ပတ်နေတဲ့အရာတွေ ကိုဆေးကြောပါ။ မသန့်ရှင်းတဲ့ ဘေစင်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေရှိခြင်းက ကျန်းမာရေးကိုထိ ခိုက်စေပါတယ်။ မိမိမှာအချိန်မအားလပ်သည့်တိုင်အောင် စားပြီးသား ပန်းကန် အသုံးပြုထားတဲ့ ပန်းကန်စတာတွေကိုချက်ချင်းဆေးကြောပြီး ပန်းကန်စင်ပေါ်မှာသပ်ရပ်စွာထားရှိပါ။ နေ့လည်အချိန်မှာတော့ တစ်အိမ်လုံးကို ရေဝတ်ဒါမှမဟုတ် Brush စတာနဲ့ ဖုန်တွေသုပ်ပေးပါ။ အဓိကနေရာတွေဖြစ်တဲ့ ရေချိုးခန်း အိမ်သာ နဲ့ မီးဖိုချောင်စတာတွေကို ဆေးကြောပြီး သန့်ရှင်းအောင်ပြု လုပ်ပါ။ ပြီးလျှင်တော့ အိမ်တွင်း ပရိဘောဂပစ္စည်းတွေမှာရှိတဲ့ ဖုန်နဲ့အညစ်အကြေးတွေကို သုတ်ပါ။ အိပ်ခန်းနဲ့ မီးဖိုခန်း ဧည့်ခန်း စတဲ့အခန်းတွေရဲ့ကြမ်းပြင်ကို တံမြက်စည်း လှည်းပါ။ ဖုန်စုပ်စက် အသုံးပြု တာကတော့ ဖုန်တွေသာမကပစ္စည်းအတိုအစအန တွေပါမကျန်ရှင်းလင်းပေးတာကြောင့် အကောင်းဆုံးပါပဲ။ ဒီတခါမှာတော့ ခြင်းတစ်ခြင်းကိုလက်ကကိုင်ထားပြီး တအိမ်လုံးမှာရှိတဲ့ မလိုအပ်တော့ဘူးထင်တဲ့ အရာတွေကိုအရင်လိုက်သိမ်းပါ။ ခြင်းပြည့်သွားပြီး မလိုအပ်တာမရှိတော့ဘူးဆိုရင်တော့ နောက်တစ်ကြိမ် နေရာတကျမဟုတ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီး သက်ဆိုင်ရာနေရာမှာထားရှိပါ။ အခုဖော်ပြတဲ့နည်းတွေအတိုင်းပြုလုပ်သွားမယ်ဆိုရင်တော့ အနည်းဆုံး သန့်ရှင်းသပ်ရပ်တဲ့ အိမ်လေးကို တစ်ရက် အတွင်း အမြန်ဆုံးရရှိမှာနော်။ Ref-greenhouse
Read More
မီးဖိုခန်းအတွက်သင့်လျော်မည့်ဆေးရောင်ရွေးချယ်နည်း

မီးဖိုခန်းအတွက်သင့်လျော်မည့်ဆေးရောင်ရွေးချယ်နည်း

Blog
အိမ်တစ်အိမ်အတွက် မီးဖိုခန်း ဆိုတာအလုပ်အများအဆုံး အသုံးအပြုရဆုံးအခန်းတစ်ခန်းဖြစ်ပါတယ်။ ဆေးရောင်တွေထဲမှာ အခန်းနံရံအတွက်ဆိုရင် အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါရောင်၊ အနီရောင်၊ အစိမ်း၊ အပြာ နဲ့မီးခိုးရောင်စတာတွေကတော့ လူအကြိုက်များတဲ့အရောင်တွေဖြစ်ပါတယ်။ သင့်အိမ်အတွက်အရေးအပါဆုံး မီးဖိုခန်းမှာတော့ တည်ငြိမ်တဲ့အရောင်တွေဖြစ်တဲ့ အဖြူရောင် နဲ့ ဆင်စွယ်ရောင်လိုမျိုးအရောင်တွေကတော့မပါမဖြစ်ပါပဲ။ မီးဖိုခန်းဟာဆိုရင် အ လင်းရောင်ရပြီးလေ ဝင်လေထွက်ကောင်းဖို့လိုတဲ့အတွက် အရောင်လင်းစေတဲ့ အရောင်မျိုးနှစ်သက်သူတွေ အတွက်အဝါရောင်ဟာလည်းရွေးချယ်သင့်တဲ့အရောင်ထဲပါဝင်ပါတယ်။ အဝါရောင်ဟာ မျက်စိပသာဒဖြစ်စေတဲ့ အတွက် လူကြိုက်များတဲ့အရောင်အနေနဲ့ပါဝင်ပါတယ်။ အနီရောင်ဟာဆိုရင်လည်းအစာစားချင်စိတ်ကိုတိုးပွားစေတယ်လို့ယူဆကျပေမဲ့ အနီရောင်ကိုရွေးမယ်ဆိုရင်တော့အရောင်ကိုအရမ်းရင့်သွားတဲ့အခါအခန်းကိုမှောင်စေတဲ့အတွက် အထူးသတိထားဖို့လိုပါတယ်။ အနီရောင်သူံးတဲ့အခါ တွဲဖက်အရောင်တွေဖြစ်တဲ့ ပန်းရောင် ပန်းဆီရောင်စတာတွေနဲ့ အမြင်ရှိသလို ပေါင်းစပ်ဖန်တီးလို့ ရတာမို့သင့်မီးဖိုခန်းဟာ သာမာန်ထက်ထူးခြားနေမှာပါ။ သဘာဝဆန်တဲ့အစိမ်းရောင်ကို သင့်မီးဖိုခန်းအတွက်ရွေးချယ်မယ်ဆို သစ်သားနဲ့ပြုလုပ်ထား တဲ့ပစ္စည်းတွေနဲ့တွဲဖက်အသုံးပြုတဲ့အခါသင့်ရဲ့ မီးဖိုခန်းဟာစိမ်းလန်းတဲ့သစ်တောတစ်ခု ထဲရောက်သ လိုခံစားရစေမှာပါ။ နို့စိမ်းရောင်နဲ့ပန်းသီးအစိမ်းရောင်လိုမျိုး အရောင်တွေနဲ့တွဲစပ်တဲ့အခါအလွန်လှပစေမှာပါ။   အပြာရောင်ကတော့ အရောင်ထဲမှာမှ ပင်လယ်ပြာကောင်းကင်ပြာ စတဲ့အလွန်လှတဲ့ သဘာဝအရောင်တွေ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက်သဘာဝကိုနှစ်သက်သူတွေရွေးချယ်သင့်တဲ့အရောင်ပါပဲ။ မီးဖိုချောင်သုံးပစ္စည်းတွေ မှာ အပြာရင့်ရင့်အသုံးပြုပေးသင့်ပါတယ်။    
Read More