အိမ်ခြံဝန်းမှာအသေးစား Garden လေးစိုက်ရအောင်

Home / Blog / အိမ်ခြံဝန်းမှာအသေးစား Garden လေးစိုက်ရအောင်

ကဲဒီတစ်ပတ်ဖော်ပြပေးမှာကတော့ ခြံဝန်းနဲ့နေသူတွေအတွက် သန့်ရှင်းသပ်ရပ်ပြီး ကြည်နူးဖွယ်ရာခြံဝန်းလေးရရှိစေရန် ပြုပြင်ဖန်တီးနိုင်မဲ့ နည်းလမ်းကောင်းတွေမျှဝေလိုက်ပါတယ်။ မြို့ပြလူဦးရေထူထပ်လာတာနဲ့အညီမြေနေရာရှားပါးတဲ့အတွက် မိမိခြံဝန်းမှာ အသေးစား ဥယျာဉ်လေးတွေ စိုက်ခင်းလေးတွေ ပြုလုပ်လို့ရတဲ့ Idea လေးတွေကိုဖော်ပြပေးလိုပါတယ်။ ခြံဝန်းရဲ့မြေနေရာလွတ်မှာ ပန်းပင်လေးတွေသာမက မီးဖိုချောင်သုံးဟင်းခတ်အပင်လေးတွေ ဆေးဖက်ဝင်အပင်လေးတွေကိုလည်း စိုက်ပျိုးလို့ရတဲ့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အောဂဲနစ်စစ်စစ်ကိုရတဲ့အပြင် အသုံးစရိတ်လဲချွေတာနိုင်မှာပါ။ ခြံဝန်းရဲ့နေရာလွတ်လေးတွေမှာ စိုက်ပျိုးနိုင်တဲ့ နေရာပုံလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။