သင့်အိမ်မှာ Wall Painting တွေကိုပိုမိုတာရှည်ခံချင်ပါသလား

Home / Blog / သင့်အိမ်မှာ Wall Painting တွေကိုပိုမိုတာရှည်ခံချင်ပါသလား

အိမ်တစ်အိမ်ရဲ့ Interior အလှအပဟာ နံရံမှာရှိတဲ့ Wall Painting တွေအပေါ်မူတည်နေတယ်ဆိုလဲမမှားပါဘူး။ အခုဖော်ပြပေးသွားမှာကတော့ သင့်အိမ်ရဲ့ Wall Painting တွေကိုပိုမိုခံပြီး အလွယ်တကူ အရောင်မမှိန်မညစ်ပတ်ပဲ ထိန်းသိမ်းနိုင်ရန် နည်းလမ်းကောင်းလေးတွေဖော်ပြပေးသွားပါမယ်။

 

လူအများစုဟာ ကျွန်တော်တို့အပါအဝင် တစ်နှစ်တခါလောက်သာ အိမ်ကိုပြင်ဆင်ထိန်းသိမ်းတတ်ကြပါတယ်။အမှန်တကယ်မှာ တအိမ်လုံးရဲ့သန့်ရှင်းပြုပြင်ရေးကို တစ်နှစ်မှာ နှစ်ကြိမ်တော့ပြုလုပ်သင့်ပါတယ်။ဆေးသုတ်ထားတဲ့နံရံတွေကို မှိုစွဲခြင်း ဖားဥတက်ခြင်း ဖုန်အညစ်အကြေးတွေစွဲမထင်စေဖို့ တစ်နှစ်မှာ နှစ်ကြိမ်တော့သန့်ရှင်းပေးဖို့လိုပါတယ်။ဒါမှသာ သင့်ရဲ့နံရံတွေဟာ သန့်ရှင်းတောက်ပြောင်လှပနေမှာဖြစ်ပါတယ်။နံရံမှာရှိတဲ့ အစွန်းအထင်း နဲ့ ဖုန်တွေကိုတော့ ဆပ်ပြာရည် နဲ့ ဘရက်ရှ်အနုစားနဲ့ပွတ်တိုက်ဆေးကြောနိုင်ပြီးတော့ ဖားဥတွေမှိုတွေအတွက် ပိုးသတ်ဆေးအနည်းငယ်ပါရောပြီး ဆေးကြောသင့်ပါတယ်။

 

ဆေးနံရံတွေ အလွယ်တကူအရောင်မမှိန်စေဖို့အတွက်ကတော့ Quality ကောင်းတဲ့ အိမ်သုတ်ဆေးကိုအသုံးပြုပြီး စနစ်တကျတတ်ကျွမ်းသူတွေကို အသုံးပြုဖို့ကအဓိကအရေးကြီးပါတယ်။UV light နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုကလဲ ဆေးရောင်တွေကိုအလွယ်တကူပဲ လွင့်ပျယ်စေနိုင်ပါတယ်။ဒါကြောင့်ပြတင်းတံခါးတွေမှာ နေအလင်းရောင်တိုက်ရိုက်မဝင်ပဲ လေဝင်လေထွက်လဲကောင်းစေမဲ့ လိုက်ကာစတွေအသုံးပြုပေးသင့်ပါတယ်။နေရောင်နဲ့တိုက်ရိုက်ထိလေ အရောင်မှိန်လွယ်လေဖြစ်တဲ့အတွက် သတိပြုသင့်ပါတယ်။

 

သင့်ရဲ့အိမ်မှာ ရေလုံခြင်း မလုံခြင်းဟာလည်း ဒီဆေးသုပ်ထားတဲ့နံရံတွေအတွက်အရေးကြီးပါတယ်။သင့်ရဲ့အိမ်ဟာ မိုးရေမလုံတာ ယိုစိမ့်တာတွေရှိခဲ့မယ်ဆို သင်ဘယ်လောက်အပင်ပန်းခံပြီးလှပအောင်သုပ်ထားတဲ့ဆေးနံရံကိုမဆို အဆိုပါရေတွေဟာဖျက်စီးပစ်မှာပါပဲ။အစကနေပြန်မလုပ်ရလေအောင် ဆေးမသုပ်ခင် ရေယိုစိမ့်မှုမရှိတာသေချာအောင်အရင်ပြုလုပ်သင့်ပါတယ်။ 

 

ဒီအချက်တွေဂရုပြုပေးခြင်းကသင့်အိမ်မှာ Wall Painting တွေကိုပိုမိုတာရှည်ခံဖို့ ကူညီပေးနိုင်မယ်ထင်ပါတယ်။