တိုက်ခန်းနဲ့နေရခြင်းရဲ့အားသာချက်များ

Home / Blog / တိုက်ခန်းနဲ့နေရခြင်းရဲ့အားသာချက်များ

အခုခေတ်မှာ တိုက်ခန်း နဲ့နေထိုင်ခြင်းကိုများသောအားဖြင့် စိတ်ကျဉ်းကျပ်ခြင်း မြေနေရာမရှိခြင်း စတဲ့ဆိုးကျိုးတွေပဲပြေးမြင်တတ်ကြပေမဲ့ တကယ်တမ်း တိုက်ခန်းနဲ့ နေရခြင်းရဲ့ ကောင်းတဲ့အချက်တွေကိုပြောပြပေးချင်ပါတယ်။

ငွေကုန်ကျသက်သာခြင်း

တိုက်ခန်းနဲ့နေခြင်းဟာ Bill ကုန်ကျစရိတ်တွေ အငှားစရိတ်တွေမှာ အိမ်ခြံဝန်း စတာနဲ့နေခြင်းထက် ကုန်ကျစရိတ်သက်သာပါတယ်။ဥပမာ ဆိုရရင် တိုက်ခန်းအများစုဟာ အခန်းနေရာအရမ်းမကျယ်တဲ့အတွက် Air-con သုံးတာဖြစ်ဖြစ် Electric သုံးတာပဲဖြစ်ဖြစ် အိမ်ခြံနဲ့နေတာထက် အသုံးစရိတ်ချွေတာနိုင်ပါတယ်။အငှားခဟာဆိုရင်လည်း လုံးချင်းအိမ်တွေနဲ့ယှဉ်ရင် တိုက်ခန်းဟာပိုမိုသက်သာပြီး မြို့ထဲလိုနေရာမှာနေချင်တဲ့သူတွေအတွက်အဆင်ပြေစေပါတယ်။

ပိုမိုလုံခြုံမှုရှိခြင်း

တိုက်ခန်းတွေဟာ များသောအားဖြင့် ဝင်ပေါက်နေရာ အများအပြားရှိပါတယ် ဥပမာ အရေးပေါ်ထွက်ပေါက်၊Main ထွက်ပေါက်၊ပြတင်းပေါက် အရန်ဝင်ပေါက် စသဖြင့်ရှိကြပါတယ်။အပြင်လူတစုံတယောက်ဝင်လာဖို့ဆိုတာမလွယ်ကူပါဘူး။ဝင်ပေါက်တွေမှာ Security ရှိတာမျိုးဆိုပိုတောင်ဝင်ဖို့ခက်ခဲပါတယ်။ဒါ့ကြောင့် သူခိုးလိုမျိုး အပြင်လူအလွယ်တကူဝင်ဖို့ဆိုတာမလွယ်ကူပါဘူးဝင်ရောက်ခိုးမယ်ဆို TV စတဲ့ပစ္စည်းမျိုးတွေကိုလူအများစုနေတဲ့ တိုက်ခန်းတွေကိုဖြတ်ပီး အလွယ်တကူသယ်ယူဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။

ပြောင်းရွှေ့ရလွယ်ကူခြင်း

အပေါ်မှာပြောခဲ့သလိုပဲ အိမ်ငှားခတွေဟာ တိုက်ခန်းဟာ မြေထက်သက်သာတဲ့အတွက် အိမ်အပြောင်းအရွှေ့ စပေါ်/စရံ စတာတွေလဲသက်သာတဲ့အတွက် စိတ်အရမ်းဖိအားမများပဲ သင်ပြောင်းချင်တဲ့နေရာကို ပြောင်းရွှေ့ချင်တဲ့အခါ လွယ်ကူစေပါတယ်။

 

အပိုကုန်ကျစရိတ်သက်သာခြင်း

ခြံနဲ့နေသူတွေဟာ ခြံဝန်းအတွက်မီးဖိုး အခြားလမ်းခင်းဖို့ ခြံရှင်းဖို့ စတဲ့အသေးစားကုန်ကျစရိတ်တွေထပ်မံကုန်ကျနိုင်ပါသေးတယ်။တိုက်ခန်းနဲ့နေသူတွေမှာတော့ ဒါတွေဟာ မရှိတဲ့အတွက် ကုန်ကျစရိတ်လျော့ချတဲ့နေရာမှာ အဆင်ပြေပါတယ်။

ဒီနေ့တော့ တိုက်ခန်းနဲ့နေတာရဲ့ အကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။