အိမ်ဆောက်တော့မှာလား? ဒါဆိုဒီအချက်တွေကိုသိထားပါ

Home / Blog / အိမ်ဆောက်တော့မှာလား? ဒါဆိုဒီအချက်တွေကိုသိထားပါ

လူတိုင်း မိမိကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ စိတ်တိုင်းကျဆောက်ချင်ကြမှာပါ။အဲ့လိုမိမိစိတ်တိုင်းကျ မိမိနိုင်တဲ့ ငွေပမာဏနဲ့ အိမ်တစ်လုံးဆောက်ဖို့ဆိုရင် မဆောက်ခင် အခုဖော်ပြမဲ့ အချက်တွေကိုကြိုတင်သိရှိထားသင့်မယ်လို့ထင်ပါတယ်။

 

ပထမဆုံးမိမိအိမ်စဆောက်မဲ့ နေရာကိုကြိုတင် Plan ချထားပါ။မိမိဆောက်မဲ့မြေနေရာအကျယ်အဝန်း မိမိမြေရှိရာ ရာသီဥတုအခြေအနေ စသဖြင့်ကြိုတင်သိရှိထားပါ။

 

မိမိမျော်မှန်းထားတဲ့ ငွေပမာဏထက် ပိုမိုကျသင့်မယ်ဆိုတာသိထားပါ။သင်ဘယ်လောက်ပဲ တတ်နိုင်သလောက် စိစစ်ပါစေ များသောအားဖြင့်တော့ အကုန်အကျဟာ မျော်မှန်းထားတာထက်ပိုမိုကျသင့်လေ့ရှိပါတယ်။

 

သေချာတတ်ကျွမ်းပြီး နားလည်မှုရှိတဲ့ Builder ကိုရွေးချယ်ပါ။သင်တတ်နိုင်တဲ့ငွေပမာဏ သင်လိုချင်တဲ့အနေအထားပေါ်နားလည်ပြီး သေချာစနစ်တကျ ဆောက်လုပ်ပေးမဲ့ Builder ကိုရှာဖွေရွေးချယ်ပါ။

 

ရွေးချယ်ပြီးပါက သင့် Builder နဲ့သေချာနားလည်မှုရယူပါ။သင်ဖြစ်ချင်တဲ့ပုံစံနဲ့ Builder ကြားနားလည်မှုမှန်ကန်စွာယူပါ။ဒါဟာအိမ်တစ်လုံးဆောက်ဖို့ ပစ္စည်းမဝယ်ခင် Design မဆွဲခင်ထဲက Agreement သေချာယူဖို့ဆိုတာအရေးကြီးပါတယ်။