လူတိုင်းသတိထားပြီး လိုက်နာသင့်တဲ့ Covid 19 ရောဂါနဲ့ပတ်သတ်တဲ့အချက်များ

Home / Blog / လူတိုင်းသတိထားပြီး လိုက်နာသင့်တဲ့ Covid 19 ရောဂါနဲ့ပတ်သတ်တဲ့အချက်များ

နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ Covid 19 ရောဂါနဲ့ပတ်သတ်ပြီး ကျနော်တို့ မြန်မာနိုင်ငံကလူတွေ အနေနဲ့လည်း သတိထားပြီး ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။ သက်ဆိုင်ရာဌာနတွေကလည်း ဒီ Covid 19 နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဖို့ချထားပြီးပါပြီ။ ဒါ့အပြင်ပိုပြီး သတိထားပြုနိုင်စေဖို့ အတွက် ဆောင်ရန်ရှောင်ရန်အချက် တချို့ကို ဖော်ပြပေးလိုက်ပါတယ်…

 

 

-အပြင်သွားတဲ့ အခါတွေမှာ Mask ကိုတပ်သွားသင့်ပါတယ်။ Mask ကရောဂါပိုးကူးစက်မှုကို လုံးဝမတားနိုင်ဘူးဆိုပေမယ့် ပြင်ပမှ ကူးစက်ရောဂါတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်

 

 

-ဒီရောဂါပိုးက အရာဝတ္ထုတွေမှာ အချိန်အတော်ကြာ အသက်ရှင်နေထိုင်နိုင်တဲ့အတွက် အရာဝတ္ထုတွေကို ထိမိကိုင်မိပါက လက်ကိုစင်ကြယ်အောင်ဆေးကြောပေးဖို့ လိုအပ်ပါတယ်

 

 

-လက်ကို ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။ ဖြစ်နိုင်ရင် လက်သန့်ဆေးရည်ဘူး ဆောင်ထားပါ

 

 

-ကိုယ်ခံအားကောင်းအောင်နေဖို့လိုပါတယ်။ အိပ်ရေးဝအောင်အိပ်စက်ပါ

 

 

-ရေများများသောက်ပေးပါ

 

 

-ချောင်းဆိုးနေသူ၊ ဖျားနာနေသူများနှင့် ထိတွေ့ဆက်ဆံခြင်းကို တတ်နိုင်သမျှ ရှောင်ကြဥ်ရန်လိုအပ်ပါသည်

 

 

ဒီအချက်တွေကတော့ Covid 19 ရောဂါကူးစက်မှုနှင့် ပတ်သတ်တဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာဌာနတွေမှ Covid 19 နဲ့ပတ်သတ်ပြီး ထုတ်ပြန်တဲ့ သတင်းတွေကို မျက်ချေမပြတ်စောင့်ကြည့်ဖို့ တိုက်တွန်းအကြံပြု လိုက်ပါတယ်။