နေအိမ်သန့်ရှင်းမှုမရှိရင် ဘာတွေဖြစ်လာနိုင်လဲ?

Home / Blog / နေအိမ်သန့်ရှင်းမှုမရှိရင် ဘာတွေဖြစ်လာနိုင်လဲ?

ဒီတစ်ခါမှာတော့ ကိုယ်နေထိုင်တဲ့ အိမ်/အခန်းက သန့်ရှင်းမှု မရှိရင် ဘာတွေဖြစ်လာစေနိုင်လဲကို ဖော်ပြပေးသွားမှာပါ။ သာမန်မသန့်ရှင်းတာလောက်က မပြောပါ့လောက်ပေမဲ့ ဆိုးဆိုးဝါးဝါး မသန့်ရှင်းတဲ့ အိမ်/အခန်းဆိုရင်တော့ ထိခိုက်မှုတွေ ရှိလာနိုင်လို့ပါ။ ကဲဖြစ်လာနိုင်တဲ့ အချက်တွေကတော့…

 

  •       ခြင်၊ ယင်တွေခိုအောင်းနိုင်လာမယ်
  •       အနံအသက်ဆိုးတွေထွက်လာနိုင်ပြီး ကျန်းမာရေးအတွက် ထိခိုက်လာစေမယ်
  •       ယားနာတွေ ဖြစ်လာစေနိုင်တယ်
  •       သစ်ပင်/ခြုံနွယ်တွေနဲ့ နီးတဲ့အိမ်ဆို မြွေပါးကင်းပါး အန္တရာယ်ရှိလာနိုင်မယ်
  •       မိတ်ဆွေရဲ့ စိတ်ကို မကြည်မလင် ဖြစ်စေမယ်(အခန်းသန့်ရှင်းမှု မရှိခြင်းက)
  •       သစ်သားနဲ့ပြုလုပ်ထားတဲ့ ပစ္စည်းတွေ မှိုစွဲလာစေမယ်
  •       အသက်ရှုလမ်းကြောင်းနဲ့ ပတ်သတ်တဲ့ ရောဂါပိုးမွှားတွေ ဖြစ်လာစေမယ်
  •       အိမ်ပြန်လာတာနဲ့ စိတ်ညစ်သွားစေမယ်
  •  

အခုဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ အိမ်/အခန်း မသန့်ရှင်းရင် ဖြစ်လာနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့ရဲ့ကို ပုံမှန်သန့်ရှင်းပေးဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးကိုထိလိုက်စေလာနိုင်တဲ့ အတွက် မိတ်ဆွေတို့ အိမ်/အခန်းကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။