သန့်ရှင်းသပ်ရပ်တဲ့နေအိမ်ဖြစ်စေဖို့

Home / Blog / သန့်ရှင်းသပ်ရပ်တဲ့နေအိမ်ဖြစ်စေဖို့

ဘယ်အချိန်ကြည့်ကြည့် သန့်ရှင်းသပ်ရပ်နေတဲ့ နေအိမ်ဖြစ်အောင် လုပ်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စတစ်ခုပါ။ ဒါကြောင့် နေအိမ်အမြဲသန့်ရှင်းသပ်ရပ်ဖို့ နည်းလမ်းလေးတွေမျှဝေပေးလိုပါတယ်။ နေ့စဉ်လုပ်နေရမဲ့ အရာတွေကတော့ ပန်းကန်တွေသေချာဆေးကြောပြီး ပန်းကန်ဆေးကန် ဒါမှမဟုတ် လက်ဆေးကန်တို့ကိုပြောင်အောင်သုပ်ပါ။ ဖုန်သုတ်ရခက်တဲ့နေရာမျိုးတွေကိုနေ့စဉ်သတိပြုပါ။ အမှိုက်တွေကိုနေ့စဉ်ပစ်ပါ။ Recycle လုပ်သင့်တာကိုလုပ်ပါ။နေ့စဉ်လျော်စရာရှိတဲ့အဝတ် တစ်နေ့စာအဝတ်တွေကိုလျှော်ပါ။

 

အပတ်စဉ်လုပ်ရမှာတွေကတော့ မီးဖိုချောင်သုံးပစ္စည်းတွေကို ပြောင်အောင်ဆေးကြောပြီး အဝတ်နှင့်သုတ်ပါ။ အိမ်သာ ရေချိုးခန်းနဲ့ ဘေစင်တွေကို တစ်ပတ်တစ်ခါသန့်ရှင်းပါ။ အိမ်မှာရှိတဲ့မှန်တွေအကုန်သုတ်ပါ။ ဖုန်ရှိတဲ့နေရာတွေကိုလည်း အပတ်စဉ်သုတ်ပေးပါ။ ဖုန်စုပ်စက်ဖြင့် နေရာအနှံ့ဖုန်တွေရှင်းပါ။ တစ်ပတ်တခါ ကြမ်းတိုက်ပါ။ လျော်ပြီးသားအဝတ်တွေကိုခေါက်ပြီးသိမ်းပါ ပုံထားတာမျိုးမလုပ်ပါနဲ့။

လစဉ်လုပ်ပေးရမှာတွေကတော့ Oven နဲ့  Microwave ကိုတစ်လတစ်ခါသန့်ရှင်းပါ။ ရေခဲသေတ္တာအတွင်းကိုသန့်ရှင်းပါ။ ရေချိုးခန်းအတွင်းပိုင်းကိုအကုန်သန့်ရှင်းအောင်လုပ်ပါ။ မီးသီး မီးလုံး ညအိပ်မီးအိမ် စတာတွေကိုဖုန်မတက်အောင်ရှင်းပါ။ အမှိုက်ထိန်းသိမ်းတဲ့နေရာ အမှိုက်ပုံးကိုလည်းဆေးကြောဖို့မမေ့ပါနဲ့။

 

အခုဖော်ပြသွားတာတွေကို နေ့စဉ် အပတ်စဉ် လစဉ် လုပ်ပေးသွားမယ်ဆိုရင် နေ့စဉ်သပ်ရှင်းသပ်ရပ်တဲ့အိမ်ကိုရစေမဲ့အပြင် အရမ်းညစ်ပတ် ရှုပ်ပွသွားမှသန့်ရှင်းတာဟာ အိမ်ကိုရောအိမ်တွင်းနေသူကိုပါထိခိုက်စေတဲ့အတွက် ရှောင်ကျဉ်သင့်ပါတယ်။