အိမ်တစ်အိမ်အတွက် စကားပြောသော အရောင်များ

Home / Blog / အိမ်တစ်အိမ်အတွက် စကားပြောသော အရောင်များ

အရောင်တွေကာ လူတစ်တစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲစေပါတယ်။ ဒါကြောင့်သင့်ရဲ့အိမ်အတွက် အမြင်အာရုံမှာသာမက စိတ်ကိုပါအေးချမ်းစေမဲ့ လိုက်ဖက်သင့်တော်မဲ့ အရောင်အတွဲအစပ်တွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။

ပင်လယ်ရေပြာလို အပြာရောင်လေးတွေကိုအသုံးပြုထားတဲ့ပုံစံကတော့ အမြင်တောက်ပစေတဲ့အပြင် အလင်းရောင်ကိုရစေပြီး၊လွတ်လပ်မှုကိုခံစားစေနိုင်မဲ့အရောင်ပဲဖြစ်ပါတယ်။ Decoration ကိုပန်းဆီရောင်ပါတာတွေနဲ့တွဲစပ်အသုံးပြုထားပြီး အရမ်းကိုလှပပါတယ်။

Blue Sky လို မိုးပြာရောင်အရောင်လေးကတော့ အခန်းကိုပိုမိုလင်းစေတဲ့အပြင် သဘာဝအလင်းရောင်ကဲ့သို့ခံစားမှုကိုရရှိနိုင်ပါတယ်။သူနဲ့လိုက်ဖက်တဲ့ အစိမ်းဖျော့ ဒါမှမဟုတ် အပြာဖျော့အရောင်ရှိတဲ့ Decoration တွေနဲ့သာဆို အရမ်းကိုလှပတဲ့အခန်းလေးကိုရရှိစေမှာပါ။

အခန်းကိုပန်းရောင်ဖျော့ဖျော့ဆေးရောင်အသုံးပြုထားပြီး အခန်းတွင်း Decoration ကို သဘာဝရဲ့အညိုရောင်နဲ့တွဲစပ်ဖန်တီးထားတဲ့ဒီအခန်းပုံစံဟာလဲ သဘာဝကျပြီး ရိုးရှင်းတဲ့အရောင်ကြိုက်တဲ့သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

အစိမ်းရောင်ကိုအသုံးပြုထားတဲ့ အခန်းလေးကတော့မြင်လိုက်တာနဲ့ လင်းခနဲဖြစ်သွားစေပြီး ဒီအရောင်လေးကိုအသုံးပြုမယ်ဆိုရင်တော့ Decoration လုပ်တဲ့အခါ အဖြူရောင်နဲ့အစိမ်းဖျော့အရော င်နဲ့တွဲစပ်တာအသင့်တော်ဆုံးပါ။

ဖော်ပြခဲ့တဲ အရောင်တွေကို ကြိုက်နှစ်တယ်ဆိုရင်တော့ မိတ်ဆွေတို့ အိမ်အမြင်မှာ လိုအပ်နေတဲ့ အရောင်တွေကို ဖြည့်ပေးဖို့ အကြံပြုပါတယ်။