အနားယူလို့ကောင်းစေမယ့် အိပ်ခန်းတစ်ခန်း ဘယ်လိုလုပ်မလဲ?

Home / Blog / အနားယူလို့ကောင်းစေမယ့် အိပ်ခန်းတစ်ခန်း ဘယ်လိုလုပ်မလဲ?

မိတ်ဆွေ…အိပ်ခန်းဆိုတာတစ်နေ့တာရဲ့ပင်ပန်းမှုတွေကိုဖြေဖျောက်ရာနေရာတစ်ခုဆိုရင်လည်းမမှားပါဘူး။အိပ်ခန်းလို့ဆိုရာမှာ အိပ်စက်ဖို့တစ်ခုတည်းတင်မကပဲ အခြားသော Decoration တွေနဲ့ မိမိတစ်ကိုယ်ရည်လိုအပ်တဲ့အသုံးအဆောင်တွေပါထားရှိတာဖြစ်တဲ့အတွက် သက်တောင့်သက်သာဖြစ်စေပြီး သေသပ်တဲ့နေချင်စဖွယ် အိပ်ခန်းတစ်ခု ဖြစ်ဖို့ ပြုလုပ်နိုင်တဲ့နည်းလမ်းတွေကိုဖော်ပြပေးလိုက်ပါတယ်။ အိပ်ခန်းမီးလုံးပေါ်မှာ ဆော့ပင် နဲ့ မိမိနှစ်သက်ရာ Design ကိုရေးဆွဲလိုက်ပါ။ညဘက်မီးလုံးဖွင့်တဲ့အခါမှာ Creative ဖြစ်တဲ့ အရိပ်လေးတွေထင်ပေါ်နေမှာဖြစ်ပါတယ်။ သင့် အခန်းမှာရှိတဲ့ အံဆွဲ လေးတွေကို ထားရှိတဲ့ပစ္စည်းအမျိုးအစားအလိုက် မတူညီတဲ့အရောင်လေးတွေချယ်ထားခြင်းဟာ အခန်းအရောင်ကိုပါလင်းစေပြီး အမှတ်အသားလုပ်ပြီးသားလဲဖြစ်ပါတယ်။

သင့် အိပ်ရာ ကုတင်ရဲ့အပေါ် နံရံမှာ ပိုနေတဲ့နေရာတွေကို စာအုပ်ထားလို့ရမဲ့ စင်အသေးလေးတွေရိုက်ပြီး သင်နှစ်သက်တဲ့စာအုပ်တွေထားလိုက်ပါ။နေရာစားလဲသက်သာ creative လဲဖြစ်စေပြီး စာအုပ်တွေလဲထားရှိလို့ရတဲ့အတွက် အိပ်ခါနီးယူဖတ်ရုံပါပဲ။ ပြတင်းပေါက်မှာ အရောင်တောက်ပြီးပါးလွှာတဲ့ လိုက်ကာစလွှာလွှာလေးကိုတပ်ဆင်းထားခြင်းဟာလည်း သင့်အိပ်ခန်းကိုပိုမိုအရောင်လင်းစေပြီး သဘာဝအလင်းလဲရရှိစေပါတယ်။ ခုတင်ကိုမြင့်မြင့်ထားခြင်းဟာလည်း သင့်အခန်းကိုပိုမိုထည်ဝါသယောင်ဖြစ်စေပါတယ်။

ကဲဒီအချက်တွေကို သေချာလုပ်ပြီးရင်တော့ သင့်အတွက် အနားယူရတာလုံးဝ အဆင်ပြေစေမယ့် အိပ်ခန်းတစ်ခန်းကို ရရှိပြီလို့ မျှော်လင့်ပါတယ်။