စိတ်ကူးကောင်းကောင်းနဲ့ ဆောက်လုပ်ထားတဲ့ကျောက်တုံးအိမ်လှလှလေးများ

Home / Blog / စိတ်ကူးကောင်းကောင်းနဲ့ ဆောက်လုပ်ထားတဲ့ကျောက်တုံးအိမ်လှလှလေးများ

 

ဒီတစ်ပတ်ဖော်ပြချင်တာကတော့ စိတ်ကူးကောင်းကောင်းနဲ့ဆောက်လုပ်ထားတဲ့ချစ်စရာကျောက်တုံးအိမ်လေးတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်။ သင်ဟာ တိုက်ခန်းနဲ့ နေသူမဟုတ်ဘူးဆိုရင်တော့ ဒီစိတ်ကူးလေးကို အကောင်အထည်ဖော်နိုင်ပါတယ်။ သင်ဟာ Civil Engineer တစ်ဦး၊ ဆောက်လုပ်ရေးသမားတစ်ဦးဆိုရင်တော့ ပိုအဆင်ပြေပါတယ်။ သင့်မိသားစုအတွက်ဖြစ်ဖြစ် ဒါမှမဟုတ် အားလပ်ရပ်အပန်းဖြေဖို့ပဲဖြစ်ဖြစ် စိတ်ကူးကောင်းကောင်းနဲ့ ဒီကျောက်တုံးအိမ်လေးကို ဆောက်လုပ်ကြည့်နိုင်ပါတယ်။

 

တောင်ပေါ်ဒေသတွေမှာဆိုရင်တော့ ကျောက်တုံးလေးတွေ ပိုပေါများပါတယ်။ ဒီလိုကျောက်တုံးလေးတွေကိုစုဆောင်းထားပြီး သင့်မိသားစုနဲ့ အပန်းဖြေနိုင်သလို၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း အပန်းဖြေနိုင်ပါတယ်။ အပန်းဖြေဖို့ အတွက်မဟုတ်ပဲ ပန်းခြံလေးတစ်ခြံ အဖြစ်ဆောက်လုပ်မယ်ဆိုလည်း အဆင်ပြေပါတယ်။ ဒီတော့ စိတ်ကူးကောင်းကောင်းနဲ့ဆောက်လုပ်ထားတဲ့ ကျောက်တုံးအိမ်လှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်….