ကုန်ကျစရိတ်သက်သာတဲ့ အိမ်တွင်းပြင်ဆင်မှု 

Home / Blog / ကုန်ကျစရိတ်သက်သာတဲ့ အိမ်တွင်းပြင်ဆင်မှု 


ဒီတစ်ခါမှာတော့ သင့်အိမ်အတွင်းပိုင်းကို ခေတ်မီဆန်းသစ်ပြီး ကုန်ကျစရိတ်သက်သာစွာနဲ့ အလွယ်တကူပြင်ဆင် နိုင်မဲ့နည်းလမ်းတွေကိုဖော်ပြပေးပါမယ်။

 

အဝါရောင်ပန်း သို့မဟုတ် ပန်းအိုးကိုဧည့်ခန်းမှာအလှဆင်တာဟာ အခန်းရဲ့ကိုပိုမိုလင်းစေပြီး သစ်လွင်လှပစေပါတယ်။

 

သင့်အိမ်မှာရှိတဲ့သေးငယ်တဲ့အခန်းနံရံကို ကျယ်ဝန်းသယောင်ဖြစ်စေချင်ပါက အရောင်ဖျော့ပြီး Soft ဖြစ်တဲ့အရောင်သုံးပေးခြင်းဟာ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေပါတယ်။

 

မှန်ကိုအသုံးပြုပြီးအလှဆင်ခြင်းကလဲ အခန်းကိုပိုမိုကျယ်ဝန်းသယောင်ဖြစ်စေတဲ့အပြင် မှန်မှပြန်တဲ့အလင်းကြောင့် အခန်းအလင်းရောင်ကို လဲပိုမိုရရှိစေပါတယ်။ သင့်ရဲ့အခန်းနံရံတွေပြောင်ရှင်းကြီးဖြစ်နေ တာကိုလဲ မှန်ချပ်တွေနဲ့အလှဆင်ပြီးသားဖြစ်စေတဲ့အတွက် နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့အိပ်ခန်းလိုနေရာမျိုးမှာတော့ အလင်းစူးစူးပြန်တဲ့အတွက် မှန်ထားတာမသင့်တော်ပါဘူး။

 

အစိမ်းရောင်အပင်တွေကို ဧည့်ခန်း ဒါမှမဟုတ် ရေချိုးခန်းစတဲ့နေရာတွေမှာ ပန်းအိုးလှလှလေးတွေနဲ့အလှဆင်ခြင်းဟာလည်း ကုန်ကျစရိတ်သက်သာတဲ့အပြင် မြင်ရတာအမြင်အေးစေပါတယ်။မကောင်းတဲ့အနံ့တွေကိုစုပ်ယူပြီးလထုကိုလည်းသန့်ရှင်းစေတဲ့အတွက် အနံ့အသက်မကောင်းတာတွေလဲသက်သာစေပါတယ်။

 

မီးဖိုချောင်နံရံမှာ နံရံကပ်စင်လေးတွေအသုံးပြုခြင်းဟာလဲ အိမ်ကိုရှင်းလင်းစေတဲ့အပြင်နေရာစားသက်သာကာ အမြင်ဆန်းစေမှာပါ။