မီးဖိုချောင်ကို မြန်မြန်ဆန်ဆန် သန့်ရှင်းအောင်လုပ်နိုင်မဲ့နည်းလမ်းအချို့

Home / Blog / မီးဖိုချောင်ကို မြန်မြန်ဆန်ဆန် သန့်ရှင်းအောင်လုပ်နိုင်မဲ့နည်းလမ်းအချို့

အိမ်တစ်အိမ်တောက်ပပြီးသစ်လွင်နေဖို့ဆိုတာ အလှဆင်နေရုံ နဲ့မပြီးပါဘူး ။အိမ်တွင်းသန့်ရှင်းရေးဆိုတာ ကျန်းမာလှပတဲ့ လူမှုဘဝအတွက်အလွန်အရေးကြီးပါတယ် ။ မီးဖိုချောင်သန့်ရှင်ရေးဟာ ကျန်းမာရေးအတွက်အလွန်အရေးပါတဲ့အတွက် ပုံမှန်သန့်ရှင်းဖို့လိုအပ်ပတယ်။ဒါကြောင့် လွယ်ကူမြန်ဆန်စွာ သန့်ရှင်းနိုင်မယ့် နည်းလမ်းတွေကိုမျှဝေပေးချင်ပါတယ်။

 

ပထမဦးစွာ ဘေလ်စင်မှာ မဆေးရသေးတဲ့ ပန်းကန်တွေကို ဆေးပြီး ဘေလ်စင်သန့်ရှင်းရေးပါတစ်ပါတည်းလုပ်ပါ။ အထူးသဖြင့် ပန်းကန်တွေကို တစ်နေ့တစ်ကြိမ်ပုံမှန်ဆေးဖို့လိုအပ်ပါတယ်။ Vinegar သို့မဟုတ် Soda မှုန့်နဲ့ဘေလ်စင်ကိုဆေးကြောခြင်းဟာ ပိုမိုမြန်ဆန်စေပါတယ်။

 

ရေမြှုပ်ကို ရေနွေးပူပူမှာနှစ်ပြီး မီးဖိုးချောင်မှာရှိတဲ့ Counter တွေ Cabinet တွေနဲ့အခြားသန့်ရှင်းရမဲ့နေရာတွေကိုပွတ်တိုက်ပါ။အားလုံးသန့်ရှင်းပြီးပါက ရေမြှုပ် ကိုပါတစ်ခါထဲဆေးပါ။

 

မီးဖိုချောင်သုံးပစ္စည်းများအားလုံးကို ခြောက်သွေ့သန့်ရှင်းသောအဝတ်နှင့်ပွတ်ပါ။Stainless steel နဲ့ပြုလုပ်ထားတဲ့ပစ္စည်းများကို Baby Oil နဲ့သန့်ရှင်းခြင်းဟာအသစ်ကဲ့သို့တောက်ပစေပါတယ်။

 

Microwave နဲ့ အိုးတွေကိုသန့်ရှင်းပါ။ရေခဲသေတ္တာထဲသို့ Lemon ကိုထပ်ခြမ်းခွဲပြီးထည့်ခြင်းဟာ အနံ့ဆိုးကင်းစေပြီး Microwave သန့်ရှင်းတဲ့နေရာမှာလဲအသုံးဝင်ပါတယ်။

 

ဒီအချက်လေးတွေကို သတိပြုပြီး သင့်အိမ်မှာရှိတဲ့ မီးဖိုချောင်ကို မြန်မြန်ဆန်ဆန် သန့်ရှင်းအောင်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။