အပူဒဏ်ကိုအံတုနိုင်ဖို့နည်းလမ်းများ

Home / Blog / အပူဒဏ်ကိုအံတုနိုင်ဖို့နည်းလမ်းများ

Stayhome နေသူတွေ အိမ်ထဲမှာပဲနေရတဲ့အတွက် အခုလိုပူပြင်းတဲ့ကာလမှာပုံမှန်မဟုတ်သောသာမာန်ထက်လွန်ကဲတဲ့ပူပြင်းသည့်အပူဒဏ်ကိုခံစားနေရပြီး တစ်ချို့ Aircon မရှိတဲ့အိမ်တွေ ဒါမှမဟုတ် မီးပျက်နေလို့ဖြစ်စေ အပူဒဏ်ခံစားနေရပါက အပူဒဏ်သက်သာစေရန်အသုံးဝင်သောနည်းလမ်းလေးတွေကိုမျှဝေပေးပါရစေ။

အိမ်တွင်းမှာရှိတဲ့ LED မီးတွေ နဲ့ လျှပ်စစ်မီးတွေကိုပိတ်ထားပါ။အဆိုပါမီးအပူတွေက အိမ်ခန်းကိုပိုမိုပူစေပါတယ်။အခန်းအပူချိန်ကသိသိသာသာပူပြင်းလာပါက အထူးသဖြင့်အခန်းကျဥ်းတွေမှာဆို ပန်ကာမှလွဲပြီး အခြားလျှပ်စစ်မီးအသုံးပြုရတဲ့အရာမှန်သမျှပိတ်ထားပါ ဘယ်လောက်ပဲ Lowest Mode မှာပဲအသုံးပြုနေပါစေ လျှပ်စစ်ကပေးတဲ့အပူကရှိနေမှာပါ။

အခန်းထဲမှာရှိတဲ့ပရိဘောဂတွေ အထူးသဖြင့် ထိုင်ခုံတွေမှာ ပူတဲ့အရာတွေမတပ်ထားပဲ အေးတဲ့အသား Cotton Sheet တွေကိုပြောင်းလဲတပ်ဆင်ပါ။ပူပြင်းတဲ့အချိန် ဆိုဖာလိုထိုင်ခုံနဲ့ထိုင်တာဟာ ပိုမိုအပူကိုတက်စေပါတယ်။

ပြတင်းပေါက်တွေမှာ လေဝင်လေထွက်ကောင်းပြီး နေရောင်မကျရောက်စေမဲ့ လိုက်ကာမျိုးရွေးချယ်အသုံးပြုပါ။

ပန်ကာတစ်မျိုးထဲကအခန်းရဲ့အပူချိန်ကိုမကျစေနိုင်တဲ့အတွက် အခန်းထဲကလေပူတွေကိုပါမှုတ်ထုတ်ပေမဲ့ပန်ကာမျိုးပါတွဲပြီးအသုံးပြုပါ။

အိပ်ရာခင်းတွေ ခေါင်းအုံး ဆောင်တွေ တွေကိုပါအေးမြတဲ့နေရာမှာထားပြီးအနားပေးထားပါ။ဒါမှသင်အိပ်စက်တဲ့အချိန်မှာ အေးအေးလူလူအိပ်နိုင်မှာပါ။ပန်ကာလေနဲ့ အေးအောင်ထားခြင်း ရေခဲသေတ္တာထဲလုံခြုံအောင်ထုပ်ပိုးပီး အေးအောင်ခဏထားလဲရပါတယ်။

အရမ်းပူတဲ့အချိန် အထူးသဖြင့်နေ့ခင်းဘက်အချိန်တွေမှာ မီးဖိုချောင်ဝင်ပြီးမချက်ပြုတ်ပါနဲ့။မီးဖိုကအပူငွေ့တွေ မီးဖိုချောင်သုံးလျှပ်စစ်ပစ္စည်းတွေကထွက်တဲ့အပူတွေဟာ သာမာန်ထက်လွန်ကဲတဲ့အပူကိုဖြစ်စေမှာပါ။မနက်စောစောနဲ့ညနေဘက် နေအေးတဲ့အချိန်တွေမှသာချက်ပြုတ်ပါ။

အေးမြချောင်ချိတဲ့အဝတ်အစားတွေကိုရွေးချယ်ဝတ်ဆင်ပါ။ချွေးစုတ်တဲ့ချည်သားအေးအေးလိုအဝတ်အစားများသာဝတ်ဆင်ပါ။အပြင်နေပူထဲ့ထွက်တဲ့အခါလဲ နေတိုက်ရိုက်မထိအောင် အေးမြချောင်ချိပြီး အရေပြားကိုဖုန်းနိုင်မဲ့အဝတ်အစားမျိုးဝတ်ဆင်ပါ။

ခန္ဓာကိုယ်အား ရေဓာတ်ပြည့်ဝနေပါစေ။ဒါပေမဲ့ အေးခဲလွန်းတဲ့အစားအသောက်တွေလိုတာထက်ပိုစားခြင်းရှောင်ပါ။

အစားအသောက်ကိုအများကြီးမစားပါနဲ့။ဒီအချက်ကထူးဆန်းကောင်းထူးဆန်းနေပေမဲ့ အစားအသောက်နည်းနည်းပဲစားပေးခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ Metabolism ဖြစ်ပျက်မှုလျော့နည်းစေပြီး များများစားပါက လုပ်ဆောင်မှုများတဲ့အတွက် ပိုမို Heat တက်စေပါတယ်။

အားလုံးပဲအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။