ဆောင်းရာသီမှာ နွေးထွေးတဲ့ အိမ်ဖြစ်စေဖို့ 

Home / Blog / ဆောင်းရာသီမှာ နွေးထွေးတဲ့ အိမ်ဖြစ်စေဖို့ 

အခုဆို ရန်ကုန်ဆောင်းကလဲ အရင်နဲ့မတူ တမူထူးပြီးအေးချမ်းလာပြီဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ အေးတဲ့ဒေသတွေမှာနေထိုင်တဲ့သူတွေအနေနဲ့ မိမိတို့နေအိမ်မှာ နွေးနွေးထွေးထွေးနေနိုင်ဖို့ သိထားသင့်တဲ့အချက်လေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။

 

ပထမဆုံးအနေနဲ့ ပြတင်းပေါက်လိုက်ကာတွေကို ချထားပေးပါ။တံခါးပိတ်ထားလင့်ကစား ပြင်ပကဝင်လာတဲ့လေအေးတွေ ကြားပေါက်တွေကဝင်ရင်လဲတစိမ့်စိမ့်နဲ့အေးပါတယ် လိုက်ကာကာထားခြင်းဖြင့်ဟန့်တားပေးနိုင်ပါတယ်။

 

အအေးဓာတ်အလွယ်တကူစိမ့်ဝင်နိုင်မဲ့နံရံတွေကို ဓာတ်ပုံ မှန် ဒါမှမဟုတ် အခြား စာအုပ်စင်စသဖြင့်ထားခြင်းဖြင့်လည်းကာကွယ်နိုင်ပါတယ်။

 

သင့်ရဲ့မျက်နှာကျက်မှာ ပန်ကာရှိတယ်ဆိုရင်တော့ လက်ယာရစ် ကနေ Speed အနည်းငယ်နဲ့လည်စေတာက နွေးထွေးတဲ့လေကို ဖမ်းယူပြီးမျက်နှာကျက်မှတစ်ဆင့်ပြန်လည်ပေးတဲ့အတွက် အခန်းကိုနွေးထွေးစေပါတယ်။

 

များသောအားဖြင့် သင့်အိမ်ရဲ့ 10% သောအအေးဓာတ်ကို ကြမ်းပြင်ကနေတစ်ဆင့်ရရှိတာပါ။ကြမ်းပြင်ကို လည်း အမွှေးပွကောဇော်လိုမျိုး ကိုခင်းခြင်းဖြင့်အနွေးဓာတ်ရရှိစေပါတယ်။

 

အားလုံးပဲနွေးနွေးထွေးထွေးအိပ်စက်နိုင်ကြပါစေ။