နေ့စဉ်အိပ်နေတဲ့ သင့်အိပ်ခန်းကို ဘယ်လိုသန့်ရှင်းအလှဆင်မလဲ?

Home / Blog / နေ့စဉ်အိပ်နေတဲ့ သင့်အိပ်ခန်းကို ဘယ်လိုသန့်ရှင်းအလှဆင်မလဲ?

အိပ်ခန်းဆိုတာ သက်တောင့်သက်သာနဲ့အဆင်ပြေပြေအိပ်စက်အနားယူဖို့သာမက လူတစ်ယောက်အတွက် ကိုယ်ပိုင်နေရာ ကိုယ်ပိုင်အနားယူလို့ရတဲ့ နေရာဖြစ်တဲ့အတွက် မိမိရဲ့အိပ်ခန်းကိုပြင်ဆင်တဲ့နေရာမှာ အမြဲနေနေကျပုံစံအတိုင်းနေရတဲ့အခါ စိတ်ညစ်ညူးစေပါတယ်။ ဒါကြောင့် မိမိအိပ်ခန်းကိုအသစ်စက်စက်အခန်းမှာပြောင်းနေလိုက်ရသလို ခံစားမှုကိုရရှိစေဖို့ လိုအပ်တဲ့ပြင်ဆင်မှုလေးတွေကိုဖော်ပြပေးလိုပါတယ်။

သင့်ရဲ့အိပ်ယာခင်းတွေဟာဟောင်းနွမ်းကြာမြင့်နေပြီဆို ကျန်းမာရေးနဲ့လဲမသင့်တော်တဲ့အတွက် အသစ်လဲလှယ်အသုံးပြုသင့်ပါတယ်။ သာမန်သုံးနေကျ အရောင်မျိုးမဟုတ်ပဲ Bright ဖြစ်တဲ့အရောင်လေးတွေ မျက်စိအေးစေမဲ့အိပ်ယာခင်းမျိုးနဲ့လဲလှယ်လိုက်ပါ။

သင့်ကုတင်ရဲ့ နံရံအလည်တည့်တည့်မှာ သင်နှစ်သက်တဲ့ ပန်းချီကား ဒါမှမဟုတ် နံရံကပ်အလှဆင်တဲ့ အရာတစ်ခုခုကိုထားလိုက်ပါ။

အိပ်ခန်းရဲ့ ဒေါင့်တစ်နေရာရာမှာစာဖတ်ဖို့ ဒါမှမဟုတ် ကွန်ပျူတာအသုံးပြုနိုင်မဲ့အသေးစားနေရာလေး တစ်ခုပြင်ဆင်လိုက်ပါ။ သင့်အခန်းကိုအသစ်ကဲ့သို့ခံစားရစေမဲ့ အချက်တစ်ခုပါပဲ။

ပြတင်းတံခါးမှာတပ်ဆင်တဲ့လိုက်ကာတွေကိုလဲ အသစ်ဝယ်ဖို့အစီအစဉ်ရှိလျင်လဲလှယ်တပ်ဆင်ပါ။ ဒါမှမဟုတ် လျော်ဖွတ်ပြီးနေရာအပြောင်းအလဲဖြစ်အောင်တပ်ဆင်ပါ။

ပန်းအိုးလှလှလေးတွေထားရှိတာ နံရံမှာမှန်တပ်ဆင်တာ နံရံမှာ ပို့စ်ကတ်တွေ ဓာတ်ပုံလေးတွေ ချိတ်ပေးတာမျိုးကလည်း သင့်အခန်းကိုအသစ်ကဲ့သို့ပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမဲ့ အခန်းကို အရမ်းရှုပ်ထွေးအောင်မပြင်ဆင်ဖို့လဲလိုပါတယ်။

အခန်းကိုလေဝင်လေထွက်ကောင်းမွန်အောင်ပစ္စည်းတွေထားတဲ့အခါဂရုစိုက်ပါ။ နံရံကပ်စာအုပ်စင်အသေး စားလေးတွေထားရှိပါ။ မလိုအပ်တဲ့ပစ္စည်းတွေကိုရှင်းထုတ်လိုက်ပါ။ တစ်ခါတစ်ရံ အသုံးမလိုတဲ့ ပစ္စည်းတွေဟာ အခန်းကိုရှုပ်ထွေးညစ်နွမ်းစေပါတယ်။