Interior Design ကို အရောင်များနဲ့အလှဆင်မယ်

Home / Blog / Interior Design ကို အရောင်များနဲ့အလှဆင်မယ်

မိမိရဲ့အိမ်အတွင်းပိုင်းအတွက်ဆေးရောင်ချယ်ရာမှာ အရောင်ရွေးချယ်မှု ဟာအလွန် အရေးကြီးပါတယ်။အသုံးပြုလိုက်တဲ့အရောင်အပေါ်မူတည်ပြီး အိမ်အတွင်း အလင်း အမှောင်သာမက ပရိဘောဂတွေနဲ့အလှဆင်ရာမှာပါ အဆင်ပြေစေဖို့လိုအပ်ပါတယ်။နာမည်ကျော် Designer Mark McCaule ရဲ့အဆိုအရ အရောင်အရမ်းရင့်ပီး Dark ဆန်တဲ့အရောင်တွေကို ကြမ်းခင်းအနေ နဲ့အသုံးပြုဖို့သင့်တော်ပီး နံရံအတွက်ကိုတော့ အရောင်မရင့်မနု  Medium color တွေသုံးဖို့သင့်တော်တယ်လို့ဆိုပါတယ်။မျက်နှာကျက်ကိုတော့ Light ဆန်တဲ့အရောင်ဖျော့ဖျော့ လင်းလင်းလေးတွေအသုံးပြုပေးခြင်းဟာအသင့်တော်ဆုံးပါ လို့လဲဆိုပါတယ်။ တကယ်တမ်း မိမိရဲ့အိမ်အတွင်းဟာ အပြင်ကမ္ဘာ ကြီးလိုပါပဲ။ မျက်နှာကျက်ကိုကောင်းကင်ပြာလို ကြမ်းပြင်ကိုမြေကြီးလို နံရံတွေကိုသဘာဝတရားကပေးတဲ့အရောင်တွေလိုသတ်မှတ်ပြီး အရောင်ရွေး ချယ်သင့်တယ်လို့အကြံပေးထားပါတယ်။အောက်တွင်  Designer တွေရွေးချယ်အသုံးပြုထားတဲ့ ခေတ်မီတဲ့အိမ်အတွင်းပိုင်းအရောင်အသုံးပြုထားမှုပုံလေးတွေကိုဖော်ပြပေးထားပါတယ်။

 

 

 

Ref – hgtv