သေသပ်တဲ့မီးဖိုဆောင်ပိုင်ဆိုင်နိုင်ဖို့အတွက်သိထားသင့်တဲ့အရောင်များ

Home / Blog / သေသပ်တဲ့မီးဖိုဆောင်ပိုင်ဆိုင်နိုင်ဖို့အတွက်သိထားသင့်တဲ့အရောင်များ

မိတ်ဆွေ…အိမ်တစ်အိမ်အတွက် မီးဖိုခန်း ဆိုတာအလုပ်အများအဆုံး အသုံးအပြုရဆုံးအခန်းတစ်ခန်းဖြစ်ပါတယ်။ ဆေးရောင်တွေထဲမှာ အခန်းနံရံအတွက်ဆိုရင် အဖြူရောင်၊ ဆင်စွယ်ရောင်၊ အဝါရောင်၊ အနီရောင်၊ အစိမ်း၊ အပြာ နဲ့မီးခိုးရောင်စတာတွေကတော့ လူအကြိုက်များတဲ့အရောင်တွေဖြစ်ပါတယ်။

သင့်အိမ်အတွက်အရေးအပါဆုံး မီးဖိုခန်းမှာတော့ တည်ငြိမ်တဲ့အရောင်တွေဖြစ်တဲ့ အဖြူရောင် နဲ့ ဆင်စွယ်ရောင်လိုမျိုးအရောင်တွေကတော့မပါမဖြစ်ပါပဲ။ မီးဖိုခန်းဟာဆိုရင် အ လင်းရောင်ရပြီးလေ ဝင်လေထွက်ကောင်းဖို့လိုတဲ့အတွက် အရောင်လင်းစေတဲ့ အရောင်မျိုးနှစ်သက်သူတွေ အတွက်အဝါရောင်ဟာလည်းရွေးချယ်သင့်တဲ့အရောင်ထဲပါဝင်ပါတယ်။ အဝါရောင်ဟာ မျက်စိပသာဒဖြစ်စေတဲ့ အတွက် လူကြိုက်များတဲ့အရောင်အနေနဲ့ပါဝင်ပါတယ်။

အနီရောင်ဟာဆိုရင်လည်းအစာစားချင်စိတ်ကိုတိုးပွားစေတယ်လို့ယူဆကျပေမဲ့ အနီရောင်ကိုရွေးမယ်ဆိုရင်တော့အရောင်ကိုအရမ်းရင့်သွားတဲ့အခါအခန်းကိုမှောင်စေတဲ့အတွက် အထူးသတိထားဖို့လိုပါတယ်။ အနီရောင်သူံးတဲ့အခါ တွဲဖက်အရောင်တွေဖြစ်တဲ့ ပန်းရောင် ပန်းဆီရောင်စတာတွေနဲ့ အမြင်ရှိသလို ပေါင်းစပ်ဖန်တီးလို့ ရတာမို့သင့်မီးဖိုခန်းဟာ သာမာန်ထက်ထူးခြား နေမှာပါ။

သဘာဝဆန်တဲ့အစိမ်းရောင်ကို သင့်မီးဖိုခန်းအတွက်ရွေးချယ်မယ်ဆို သစ်သားနဲ့ပြုလုပ်ထား တဲ့ပစ္စည်းတွေနဲ့တွဲဖက်အသုံးပြုတဲ့အခါသင့်ရဲ့ မီးဖိုခန်းဟာစိမ်းလန်းတဲ့သစ်တောတစ်ခု ထဲရောက်သ လိုခံစားရစေမှာပါ။ နို့စိမ်းရောင်နဲ့ပန်းသီးအစိမ်းရောင်လိုမျိုး အရောင်တွေနဲ့တွဲစပ်တဲ့အခါအလွန်လှပစေမှာပါ။

အပြာရောင်ကတော့ အရောင်ထဲမှာမှ ပင်လယ်ပြာ ကောင်းကင်ပြာ စတဲ့အလွန်လှတဲ့ သဘာဝအရောင်တွေ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက်သဘာဝကိုနှစ်သက်သူတွေရွေးချယ်သင့်တဲ့အရောင်ပါပဲ။ မီးဖိုချောင်သုံးပစ္စည်းတွေ မှာ အပြာရင့်ရင့်အသုံးပြုပေးသင့်ပါတယ်။