နည်းလမ်းမှန်ကန်စွာကာကွယ်နေထိုင်ခြင်းဖြင့် Covid-19 အားရင်ဆိုင်ကြပါစို့

Home / Blog / နည်းလမ်းမှန်ကန်စွာကာကွယ်နေထိုင်ခြင်းဖြင့် Covid-19 အားရင်ဆိုင်ကြပါစို့

Covid-19 ကိုမြန်မာနိုင်ငံမှာတွေ့တာ ၈ ယောက်ရှိပြီဆိုတော့ ပထမဦးစွာအကြောက်မလွန်ကြဖို့နဲ့ တစ်ဖက်မှာလည်းနည်းလမ်းမှန်ကန်စွာကာကွယ်နေထိုင်တတ်ဖို့အလွန်အရေးကြီးပါတယ်။

Covid-19 သည် လူတစ်ဦးမှတစ်ဦးကူးစက်ခြင်းဖြစ်သည့်အတွက် လူတစ်ဦး နှင့်တစ်ဦး နှာချေ ချောင်းဆိုးရာမှ ထွက်လာသောပိုးမွှားများသည် အနီးအနားရှိလူများ၏ပါးစပ်နဲ့နှာခေါင်းတို့မှတစ်ဆင့်ဝင်ရောက်ကူးစက်နိုင်သည်။ဒါကြောင့် နေမကောင်းဖြစ်နေသောသူများနဲ့အကာကွယ်မပါပဲအနီးကပ်နေခြင်းဖြင့်ကူးစက်နိုင်သည်။

Covid-19 သည့်အဓိအားဖြင့်လူတစ်ဦးမှတစ်ဦးကူးစက်ခြင်းဖြစ်သည့်အပြင် ၎င်းရောဂါပိုးသည် အရာဝတ္ထု နှင့်မျက်နှာပြင်များပေါ်တွင်လည်း ရှင်သန်ကျန်ရစ်နိုင်ပါသည်။အကယ်၍ ရောဂါပိုးတင်ရှိနေသော အရာဝတ္ထုတွေကိုသင့်လက်နဲ့ထိမိပြီး သင့်မျက်နှာနှင့်အခြားသူများ၏မျက်နှာများကိုထိမိပါက ရောဂါကူးစက်နိုင်ပါသည်။

ဒါကြောင့် Covid-19 ရောဂါကူးစက်ခြင်းမှ လျော့နည်းစေရန်

လက်ကိုဆပ်ပြာမကြာခဏဖြင့်ဆေးကြောပါ။ဒါမှမဟုတ် အရက်ပြန်ပါသောလက်ဆေးရည်ဖြင့်လက်ကိုစင်ကြယ်အောင်ဆေးပါ။

ချောင်းဆိုးနှာချေနေလျင် Mask တပ်ထားပါ ဒါမှမဟုတ် လက်အစားသင့်ရဲ့တံတောင်ဆစ်ကွေးကိုအသုံးပြုပါ။

သင်၏မျက်လုံး နှာခေါင်း ပါးစပ် တို့ကိုလက်ဖြင့်ထိတွေ့ပွတ်သတ်ခြင်းမှာရှောင်ကျဥ်ပါ။

နေမကောင်းဖြစ်နေသောသူများနဲ့အကာကွယ်မပါပဲအနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကျဥ်ပါ။

မကြာခဏထိတွေ့ကိုင်တွယ်နေသော မျက်နှာပြင်နဲ့အရာဝတ္ထုများကိုပိုးသတ်ဆေးကြောပေးပြီးသန့်ရှင်းစင်ကြယ်အောင်ထားပါ။

လူစုလူဝေးကိုရှောင်ပါ။အခြားသူများနှင့် အနည်းဆုံး ၃ပေ တစ်မီတာ အကွာတွင်နေပါ။ Social Distancing အားစတင်ကျင့်သုံးပါ။

ကိုယ်ခံအားကောင်းအောင် စနစ်တကျစားသောက်အနားယူပါ။ အိပ်ရေးဝဝအိပ်ပါ။

Ref-WHO, MOHS