Interior Decoration မှာရှောင်ရှားသင့်တဲ့အမှားများ

Home / Blog / Interior Decoration မှာရှောင်ရှားသင့်တဲ့အမှားများ

အိမ်တွင်းပိုင်း Decoration လုပ်တဲ့အခါ မှားလေ့မှားထရှိတဲ့ ရှောင်ရှားသင့်တဲ့ အမှားလေးတွေကိုဖော်ပြပေးမှာဖြစ်ပါတယ်

သင့်ရဲ့အခန်းကို အရမ်း Over ဖြစ်အောင်ပြင်ဆင်တာမျိုးမလုပ်သင့်ပါဘူး။ Furniture တွေဟာအိမ်တစ်အိမ် အခန်းတစ်ခန်းအတွက် မရှိမဖြစ်ဆိုပေမဲ့ မိမိအခန်းအကျယ်အဝန်းရဲ့ ရှိသင့်တဲ့ပမာဏထက် များပြားနေတဲ့အခါ ပစ္စည်းရွှေ့ခြင်း လမ်းလျောက်ခြင်း စတာတွေမှာ အဆင်မပြေဖြစ်စေပြီး စိတ်အနှောင့်အယှက်ဖြစ်ကာ အခန်းကိုကျပ်တည်းစေပါတယ်။တစ်ခါတစ်ရံမှာ Furniture အများကြီးထားတာမျိုးတင်မကပဲ နေရာအထားမတတ်တဲ့အခါမှာလည်း အဆိုပါပြဿနာတွေဖြစ်စေပါတယ်။

မဆံ့တဲ့နေရာမှာ ပစ္စည်းတွေအတင်းအကျပ် ထိုးသိပ်ထည့်ပြီး အလှဆင်ခြင်းမျိုးကိုရှောင်ရှားပါ။အခန်းတစ်ခန်းမှာ အလွန်သေးငယ်တဲ့ Furniture တွေထားတဲ့အခါ အမြင်အားဖြင့် Balance မဖြစ်မတင့်တယ်ပဲ ကလေးကစားစရာလိုဖြစ်နေတတ်ပါတယ်။ထို့အတူပါပဲ အခန်းနဲ့မတော်ပဲကြီးလွန်းနေတဲ့ Furniture တွေထည့်သွင်းတာကလဲ မသင့်တော်ပါဘူး။ဒါကြောင့် Furniture တွေမဝယ်ခင် မိမိအခန်းရဲ့အကျယ်အဝန်းကိုအရင်တိုင်းတာဖို့လိုပါတယ်။ မကြီးလွန်းမသေးလွန်း အနေတော်ဖြစ်ဖို့ဆိုတာ မိမိအခန်းရဲ့အတိုင်းအတာပေါ်မူတည်နေပါတယ်။

အခန်းရဲ့အလင်းကိုမှောင်စေမဲ့ ပြင်ဆင်ခြင်းမျိုးကိုရှောင်ရှားပါ။အခန်းတစ်ခန်းအတွက် Lighting ကအဓိကသော့ချက်ပါ။သင့်ရဲ့အခန်းမှာ သဘာဝအလင်းရောင်ရရှိဖို့အရေးကြီးပါတယ်။ Accessories တွေ လိုက်ကာတွေအများအပြားနဲ့ သဘာဝအလင်းကိုအလွန်အကျွန်တားစီးသလိုမဖြစ်အောင်သတိထားပါ။

သင့်အခန်းရဲ့အရောင်ကို အရင်မသိသေးပဲ Furniture တွေအရင်မဝယ်ပါနဲ့။ကြိုတင်ဝယ်ထားလိုက်မယ်ဆို သင့်အတွက် အခန်း အရောင်ရွေးတဲ့အခါ ပိုမိုခက်ခဲစေပါတယ်။ သင့်ရဲ့ Furniture တွေဟာ ပြတင်းပေါက်တွေကို မဖုံးကွယ်ပါစေနဲ့။အခန်းနံရံကိုနောက်ကျောပေးပြီး Furniture တွေကိုမထားပါနဲ့။

အခုဖော်ပြသွားတဲ့အချက်တွေကိုရှောင်ကျဉ်ပြီး လှပသေသပ်တဲ့အခန်းတစ်ခန်းရဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။