StayHome နေရင်း အိမ်သန့်ရှင်းရေးစနစ်တကျလုပ်ကြမယ် 

Home / Blog / StayHome နေရင်း အိမ်သန့်ရှင်းရေးစနစ်တကျလုပ်ကြမယ် 

အိမ်တစ်အိမ်မှာ မိသားစု ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ဖို့အတွက် အိမ်တွင်းသန့်ရှင်းရေးဟာအလွန်အရေးကြီးပါတယ်။ဒါ့ကြောင့် အိမ်တွင်းပစ္စည်းတွေကို မကြာခဏ သူ့အချိန်နဲ့သူ ပုံမှန်သန့်ရှင်းပေးဖို့လိုပါတယ်။ဘယ်လိုပစ္စည်းတွေလို ဘယ်လောက်ကြာ တစ်ခါ သန့်ရှင်းပေးဖို့လိုလဲဆိုတာကိုဖော်ပြပေးပါမယ်။

 

အိပ်ရာခင်း

အိပ်ရာခင်းတွေကိုတော့ တစ်ပတ် တစ်ခါဆိုသလို ရေနွေး ပူနဲ့ လျော်ဖွတ်ဖို့လိုအပ်ပါတယ်။အိပ်ရာခင်းမှာ ကပ်နေတဲ့ ဖုန်တွေ ဘက်တီရီးယားတွေဟာ အရေပြားဓာတ်မတည့်မှုတွေအပြင် ပန်းနာရင်ကျပ်စတာတွေကိုဖြစ်စေပါတယ်။

 

ခေါင်းအုံး

ခေါင်းအုံး တွေကိုတော့ ၃ လ ကနေ ၆ လ ကြားတကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။ခေါင်းအုံးမှာလဲ ဖုန်မှုန့်တွေ ဘက်တီးရီးယားတွေပေါက်ဖွား တဲ့အတွက် ရေနွေးနဲ့လျော်ဖွတ်ပေးပါ။မျက်နှာ ဝက်ခြံပေါက်တတ်သူတွေအဖို့ ၂ ပတ်ခြား တစ်ခါ ဆိုသလို လျော်ဖွတ်ပေးသင့်ပါတယ်။

 

မွေ့ရာ

မွေ့ရာလည်း ခေါင်းအုံးလိုပါပဲ ၃လ ကနေ ၆လကြား တစ်ကြိမ်တော့လျော်ဖွတ်သင့်ပါတယ်။

 

လိုက်ကာ

လိုက်ကာခန်းစီးတွေကိုလဲ တစ်နှစ် ကို နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးပါ။လေဝင်လေထွက်များတဲ့နေရာက လိုက်ကာတွေဆို တစ်ပတ်တစ်ကြိမ်လျော်ဖွတ်ပေးသင့်ပါတယ်။အိမ်မွေးတိရစ္ဆာန်မွေးသူတွေဆို တနှစ် နှစ်ကြိမ် ရေနွေးနဲ့လျော်ပေးသင့်ပါတယ်။

 

အဝတ်လျော်စက်

အဝတ်လျော်စက် ကိုလည်းသန့်ရှင်းဖို့လိုပါတယ်။အဝတ်လျော်စက်ကို ရှာလကာရည် မုန့်ဖုတ်ဆော်ဒါ စတာတွေနဲ့ လတိုင်း သန့်ရှင်းဆေးကြောပေးပါ။

 

ပြတင်းတံခါးများ

ပြတင်းတံခါးတွေကိုတော့ တစ်နှစ် နှစ်ကြိမ်အနည်းဆုံး သန့်ရှင်းပေးပါ။ ပြတင်းတံခါးတွေကို အိမ်အတွင်း အပြင် နှစ်ဘက်လုံးသန့်ရှင်းပေးပါ။ရေမြ ှုပ်ပေါ် ဆပ်ပြာအပျော့စားနဲ့ ဆေးကြောပြီး အခြောက်သုပ်ပေးပါ။

 

အိမ်သာ

အိမ်သာ သန့်ရှင်းရေးကိုတော့ တစ်ပတ်ကိုတစ်ကြိမ်တော့ အနည်းဆုံးပြုလုပ်သင့်ပါတယ်။