သင့်အိမ်ရှိအတူနေမိသားစုကို Corona Virus ရောဂါကူးစက်မှုမှကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့အချက်များ

Home / Blog / သင့်အိမ်ရှိအတူနေမိသားစုကို Corona Virus ရောဂါကူးစက်မှုမှကာကွယ်ဖို့ ဂရုစိုက်သင့်တဲ့အချက်များ

သင်နဲ့အတူနေမိသားစုကို Corona Virus ရောဂါကူးစက်မှုမှကာကွယ်နိုင်စေရန် WHO မှထုတ်ပြန်ထားတဲ့ဂရုစိုက်သင့်တဲ့အချက်တွေကိုဖော်ပြပေးပါမယ်။

 

အပြင်ကပြန်လာတဲ့အချိန် သို့မဟုတ် ပြင်ပမှအရာဝတ္ထုစတာတွေနဲ့ ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်ဆေးကြောပါ ဒါမှမဟုတ် Alcohol-Based Hand Rub များနဲ့သန့်စင်ပါ။

 

သင့်ရဲ့နှာခေါင်းနဲ့ပါးစပ်တွေကို ချောင်းဆိုးတဲ့အချိန် သို့မဟုတ် နှာစေးနေတဲ့အချိန်မှာ Mask သို့မဟုတ် Tissue စတာတွေနဲ့ဖုန်းကွယ်ထားပါ။

 

အအေးမိတဲ့လက္ခဏာ သို့မဟုတ် အလားတူအဖျားရောဂါရှိသူတွေရဲ့အနီးအနားသွားလာနေထိုင်ခြင်းမှ ရှောင်ကျဉ်ပါ။

 

မိမိအိမ်မှာ အသား နဲ့ ကြက်ဥတွေကို ကျက်အောင်ချက်ပြုတ်ပြီးမှစားသောက်ပါ။

 

သားရဲတိရစ္ဆာန် နဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို အကာအကွယ်မပါပဲထိတွေ့ခြင်းမှရှောင်ကျဉ်ပါ။

 

အခုဖော်ပြပေးသွားတဲ့အချက်အလက်တွေကိုလိုက်နာပြီး မိမိရဲ့မိသားစုကို မလိုလားအပ်တဲ့ရောဂါဘေးမှကာကွယ်နိုင်စေရန်အထူးဂရုပြုဖို့လိုပါတယ်။