ခေတ် အလိုက်ပြောင်းလဲလာတဲ့ Interior Design Trend များ

Home / Blog / ခေတ် အလိုက်ပြောင်းလဲလာတဲ့ Interior Design Trend များ

1920 ခုနှစ်ဝန်းကျင်ကနေ 1990 ခုနှစ်အထိပြောင်းလဲလာတဲ့ အိမ်တွင်းပြင်ဆင်မှု Idea Trend တွေကိုဖော်ပြပေးပါမယ်။

1920 ခုနှစ်များမှာတော့ ထင်ရှားပြီးပေါ်လွင်တဲ့ အရောင်တွေနဲ့ အလှဆင်ပြီး Pattern design တွေနဲ့အနုပညာဆန်ဆန်ပြင်ဆင်တာမျိုးတွေခေတ်စားပါတယ်။အနီရင့်ရောင်၊အပြာရောင်တောက်တောက်အရောင်နှင့်အနက်ရောင်၊လိမ္မော်ရောင်စတဲ့အရောင်မျိုးတွေနဲ့ပြင်ဆင်ကြပါတယ်။

1930-1940 ကြားနှစ်တွေမှာတော့ ရိုးရိုးရှင်းရှင်းနဲ့ရှင်းရှင်းလင်းလင်းပုံစံတွေကိုနှစ်သက်ကြပါတယ်။မတူညီတဲ့ဖွဲ့စည်းပုံတွေ အရောင်တွေကိုခေတ်မီမီအသုံးပြုပြင်ဆင်လာကြပါတယ်။မီးခိုးရောင်၊အနီရောင်၊လိမ္မော်ရောင်၊အဖြူရောင် နှင့် အနက်ရောင်စသည့်အရောင်တွေနဲ့ Interior design တွေကိုအလှဆင်ကြပါတယ်။

1950 ကာလတွေမှာတော့ ရှင်းရှင်းလင်းလင်းနဲ့အနည်းအကျဉ်းပဲပြင်ဆင်ရတာကိုသဘောကျကြပါတယ်။ထင်မှတ်မထားတဲ့အရောင်တွေဖြစ်တဲ့ အပြာရောင် အစိမ်းရောင် သံချေးရောင်လို အရောင်တွေကနေ Pastel အရောင်မျိုးတွေနဲ့ ပြင်ဆင်လာကြပါတယ်။

1960 နှစ်များမှာတော့ ဂျပန်နိုင်ငံမှ Design တွေ လွှမ်းမိုးခဲ့ပါတယ်။Negative space ပုံစံတွေနဲ့အသားပေးပြင်ဆင်ပြီး အရောင်တွေကတော့ အနီ အပြာ အဝါ အနက် စတဲ့ အရောင်တွေပဲဖြစ်ပါတယ်။

1970 နှစ်တွေမှာတော့ နည်းပညာနဲ့ သဘာဝပစ္စည်းတွေနဲ့ပူးပေါင်းတဲ့ Decoration တွေနဲ့ပြင်ဆင်လာပါပြီ။ထင်ရှားတဲ့ Pattern တွေခေတ်စားလာပြီး အုတ်နီခဲရောင်၊ရွှေရောင်၊အစိမ်းရောင် နဲ့ သံချေးရောင်လိုအရောင်တွေခေတ်စားပါတယ်။

1980 နှစ်တွေမှာတော့ ပန်းပွင့်ပုံစံ Print တွေ Pattern တွေခေတ်စားပါတယ်။ ပရိဘောဂတွေ အများအပြားနဲ့ပြင်ဆင်ကြပြီး ဝိုင်နီရောင် ဝါညိုနုရောင်(သနပ်ခါးရောင်) မရမ်းစေ့ရောင် စတဲ့အရောင်တွေခေတ်စားပါတယ်။

1990 နှစ်တွေမှာ အနုပညာလက်ရာတွေနဲ့ပြင်ဆင်မှုကိုအသားပေးလာပြီး ခေတ်မှီတဲ့အပြငိအဆင်တွေလွှမ်းမိုးလာပါပြီ။သတ္တုတွေ မှန်တွေနဲ့အလှဆင်တာတွေပြုလုပ်ကြပါတယ်။မီးခိုးရောင် အစိမ်းနုရောင် ပန်းနုရောင်စတာတွေနဲ့ပြင်ဆင်ကြပါတယ်။

ref-google/goldensignflorida