အခုဖော်ပြမှာကတော့ ကမ္ဘာ့ အလှဆုံး အဆောက်အအုံတွေရယ်လို့ လူအများကြားမှာ ရေပန်းစားတဲ့ အဆောက်အ အုံတွေကိုဖော်ပြသွားမှာဖြစ်ပါတယ်။ Popular ဖြစ်တဲ့အဆောက်အအုံတွေ ကိုဖော်ပြသွား မှာဖြစ်တဲ့အတွက် အကြိုက်တူနေမလား ထပ်တူကြလားဆိုတာ သိဖို့ ဆက်လက်ဖတ်ရှုပေးပါဦး…
BURJ KHALIFA
Dubai မှာတည်ရှိပြီး ကမ္ဘာ့ အမြင့်ဆုံး အဆောက်အအုံတစ်ဖြစ်လဲ ဒီအဆောက်အအုံကို အလှဆုံးလို့သတ်မှတ်ခံထားရပါတယ်။ 829.84 meters မြင့်မားပြီး 2004 ခုနှစ်မှာစတင်တ ည်ဆောက်ခဲ့ပါတယ်။2010 January မှာစတင် ဖွင့်လှစ်ခဲ့ပြီး 1.5$ billion အကုန်ကျခံဆောက်လုပ်ထားပါတယ်။အရမ်းကိုလှပပြီး မထင်ထားတဲ့ ပြုလုပ်ချက်တွေကပဲ ဒီအဆောက်အအုံကိုအလှဆုံးလို့ သတ်မှတ်ခြင်းခံရတာဖြစ်ပါတယ်။

BURJ AL ARAB
ဒီအဆောက်အအုံဟာလည်း Dubai မှာတည်ရှိပြီး Luxury Hotel တစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာ့အမြင့်ဆုံး Hotel လေးခုထဲက တစ်ခုဖြစ်ပြီး 321 meters မြင့်မားပါတယ်။သဘောၤရွက်လှေပုံစံတည်ဆောက်ထားတဲ့ ဒီအဆောက်အအုံ Hotel ဟာ 1994 ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး 1999 ခုနှစ်မှာ ပြီးစီးခဲ့ကာ USD 650 million ကုန်ကျခဲ့ပါတယ်။ကြယ်ခုနှစ်ဆင့် Seven Star အဆင့်ရှိ Hotel တစ်ခုလဲဖြစ်ပါတယ်။

GRESHAM PALACE
Hungary မှာရှိတဲ့ Gresham palace ဟာဆိုရင် Europe မှာအလှပဆုံးအနုပညာဖန်တီးမှုအဆောက်အအုံတစ်ခုရယ်လို့ သတ်မှတ်ထားရလောက်အောင်လှပလွန်းပါတယ်။ 1990s နှစ်တွေမှာတည်ဆောက်ခဲ့ပြီး အခုချိန်မှာတော့ Four Season Hotel တစ်ခုအနေနဲ့ Irish Company တစ်ခုဖြစ်တဲ့ Quinlan Private ကနေပိုင်ဆိုင်ပါတယ်။အစပိုင်းမှာတော့ ချမ်းသာကြွယ်ဝတဲ့ British မင်းမျိုးမင်းနွယ်တွေ နေထိုင်ရာအိမ်အနေနဲ့တည်ဆောက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာတော့ ဆိုဗီယက်စစ်သားတွေ နေထိုင်ခဲ့ပါသေးတယ်။အခုတော့ Hungary မှာ Luxury Hotel အနေနဲ့ တည်ရှိနေပါတယ်။