ဘဝနေထိုင်မှုအပေါ်လူဘဝအပေါ်လူအများစု၏သဘောထားများပြောင်းလဲခြင်းနှင့်အတူ 2021 ရဲ့ Interior Design Trend ပြောင်းလဲမှုတွေကိုလေ့လာကြည့်ကြရအောင်နော်

Home / Blog / ဘဝနေထိုင်မှုအပေါ်လူဘဝအပေါ်လူအများစု၏သဘောထားများပြောင်းလဲခြင်းနှင့်အတူ 2021 ရဲ့ Interior Design Trend ပြောင်းလဲမှုတွေကိုလေ့လာကြည့်ကြရအောင်နော်

Distant shores

ကမ်းခြေစတိုင်အခန်းဖွဲ့ပြင်ဆင်မှုတွေခေတ်စားလာနိုင်ဖွယ်ရှိပါတယ်။ဝေးလံသောကမ်းခြေများရဲ့အလှအပကိုအခြေခံထားတဲ့ဒီအခန်းပြင်ဆင်မှုပုံစံဟာအေးဆေးတည်ငြိမ်ပြီးသက်တောင့်သက်သာရှိတဲ့အိမ်တစ်လုံးအသွင်ကိုဆောင်ပါတယ်

Vintage

နှစ်တွေဘယ်လောပက်ပြောင်းပြောင်းဘယ်တော့မှမရိုးပဲအမြဲဆန်းသစ်စေတာကတော့ Vintage Design တွေပါပဲ။မိမိနှစ်သက်ရာ ရှေးဟောင်းပစ္စည်း များကိုပြန်လည်နေရာချထားခြင်း၊ ပြန်လည်သိမ်းဆည်းခြင်းနှင့်ပစ္စည်းများကိုပြန်လည်တပ်ဆင်အသုံးပြုခြင်းတွေပြုလုပ်ပြီးအလှဆင်လို့ရတဲ့အတွက်သူများနဲ့မတူပဲအမြဲဆန်းသစ်နေမှာပါ။

Earthy, grounded shades

ပထမ Dulux က၎င်း၏အရောင်တစ်နှစ်တာကို Brave Ground အဖြစ်ကြေငြာပြီးနောက် Urbane Bronze ကို Sherwin Williams ၏တစ်နှစ်တာအရောင် (အပေါ်မှာပြထားသောပုံ) အဖြစ်ချီးကျူးခဲ့ပါတယ်။သဘာဝအရောင်တွေကိုအခြေခံထားတဲ့အဆိုပါအခန်းပြင်ဆင်မှုအရောင်တွေကတော့ 2021 အတွက်ခေတ်စားလာမယ်ဆိုလဲမမှားပါဘူး။လူတိုင်းနှစ်သက်ကြမဲ့ပြင်ဆင်မှုမျိုးပါ။