ပတ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြု Bacteria နဲ့ မကောင်းတဲ့ Bacteria များ

Home / Blog / ပတ်ဝန်းကျင်မှာရှိတဲ့ အကျိုးပြု Bacteria နဲ့ မကောင်းတဲ့ Bacteria များ

Bacteria တွေဟာ ကမ္ဘာကြီးရဲ့နေရာအနှံ့မှာ ပေါက်ဖွားရှင်သန်နေပါတယ်။အဲ့အထဲမှာ ပတ်ဝန်းကျင်နဲ့ သက်ရှိတွေအတွက် အကျိုးပြုစေတဲ့ Bacteria တွေရှိသလို အန္တရာယ်ရှိတဲ့မကောင်းတဲ့ Bacteria တွေရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ Bacteria တွေရဲ့အရည်အတွက်ဟာဆိုရင် Five Nonillion တိုင်အောင်ရှိတယ်လို့ခန့်မှန်းခြေသိရပါတယ်။

 

အကျိုးပြု Bacteria ဆိုတာ ဘာလဲဆိုရင်တော့ အကျိုးပြု Bacteria တွေကို အစားအစာတွေဖြစ်တဲ့ ဒိန်ချဥ် ချိစ်တွေမှာတွေ့ရတတ်ပါတယ်။မြေကြီးထဲမှာရှိတဲ့ Bacteria တွေကတော့ အပင်တွေရှင်သန်ကြီးထွားဖို့အထောက်အကူပြုပြီးလူသားတွေရဲ့ ခန္ဓာကိုယ်အတွင်းအပြင်မှာလဲ အကျိုးပြု Bacteria များစွာရှိပါတယ်။ကျွန်တော်တို ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြု Bacteria တွေကတော့ မကောင်းတဲ့ Bacteria တွေကိုတိုက်ခိုက်ပေးပြီး များသောအားဖြင့် Digestive system မှာအသက်ရှင်နေထိုင်ကြပါတယ်။

 

မကောင်းတဲ့ Bacteria တွေကတော့ ဖျားနာစေပြီး တစ်ခါတစ်ရံမှာ ကူးစက်ပျံ့နှံ့တတ်ပါတယ်။မကောင်းတဲ့ Bacteria တွေဟာ သစ်ပင်တွေ တိရိစ္ဆာန်တွေသာမက သက်ရှိတွေကိုတိုက်ခိုက်ပါတယ်။အဆိပ်ဖြစ်စေခြင်း ရောဂါကူးစက်စေခြင်း ထိခိုက်ဒဏ်ရာတွေပေါ်မှာ Infection ဝင်ခြင်း စတာတွေဟာ မကောင်းတဲ့ Bacteria တွေကြောင့်ပဲဖြစ်ပါတယ်။