ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပြောင်းလဲလာသော နေထိုင်မှုပုံစံ

Home / Blog / ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ပြောင်းလဲလာသော နေထိုင်မှုပုံစံ

ကျွန်တော်တို့ အခုနေထိုင်ကြတဲ့ ကမ္ဘာကြီးမှာ နေထိုင်မှုဆိုတာက အားလုံးရဲ့အရေးကြီးဆုံးကဏ္ဍမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ တိုက်တာအိုးအိမ်နဲ့ဆို လူတွေကိုစိတ်အပန်ပြေစေပြီး သူတို့အတွက် ကျေနပ်မှုကိုရစေမှာ အမှန်ပါပဲဖြစ်ပါတယ်။ အဲဒီလိုလူတွေစိတ်ကျေနပ်စေဖို့ ကောင်းမွန်တဲ့နေအိမ်တွေ များများဆောက်ပေးနိုင်ဖို့လိုအပ်နေပါတယ်။

Construction တစ်ခုဆောက်လုပ်ပြီဆိုတာနဲ့ အရင်ဆုံး Design ပိုင်းကို အရင်စဉ်းစားရပါတယ်။ ဒါကတော့ Engineering ပိုင်းတွေနဲ့သက်ဆိုင်ပါတယ်။ Engineering ပိုင်းမှာမှ Civil Engineering ၊ Architecture Engineering ပိုင်းတွေနဲ့ ပိုပြီးသက်ဆိုင်မှာပါ။

ကျွန်တော်တို့တွေ Construction တစ်ခုကိုစပြီး Plan ဆွဲပြီဆို မိမိတည်ဆောက်မယ့်ပုံစံ၊ သုံးစွဲမယ့်ငွေကြေးပမာဏ၊ အချိန်ကိုဘယ်လောက်ယူမလဲကအစ စဉ်းစားရပါတယ်။ နောက်ပြီး Construction ဆောက်ဖို့လိုအပ်ချက်တွေ ခွင့်ပြုချက်တွေကိုလဲ ကျွန်တော်တို့စဉ်းစားရပါတယ်။ ကိုယ်ပုံဖော်မဲ့ပုံစံမှာလဲ အခုခေတ်နဲ့ဆိုရင် ဆန်းသစ်တဲ့ Design အသစ်ပေါင်းများစွာ ဆောက်လုပ်နိုင်မှသာ လူတွေရဲ့စိတ်ဝင်စားမှုကိုရရှိစေနိူင်မှာပါ။

အခုနောက်ပိုင်းလူတွေမှာက ပိုက်ဆံရှိတဲ့သူတော်တော်များများကတော့ ငွေကြေးသုံးနိူင်တာနဲ့ နေအိမ်တစ်ခုမှာ အပြင်ပိုင်း၊ Safety ပိုင်းသာမက အတွင်းပိုင်း Interior Design ၊ Decoration ၊ Accessories တွေအားလုံး Perfect ဖြစ်တာကို ပိုပြီးဘောကျကျပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေအနေနဲ့လည်း အဲဒီအချက်တွေ အဓိကထားပြီး ဆောက်လုပ်မှသာ ပြီးပြည့်စုံတဲ့ Construction Project ဖြစ်မှာပါ။

အခုခေတ် နေထိုင်မှုပုံစံအရ Construction တခုမှာလိုအပ်တာက အပြင်ပိုင်း အတွင်းပိုင်းပြင်ဆင်မှု ကောင်းကောင်း၊ မြင်ကွင်းကောင်းကောင်း နဲ့ အေးအေးဆေးဆေး နေထိုင်နိူင်မယ့် နေရာမျိုး၊ Car Parking၊ အခြားဇိပ်ခံပစ္စည်းတွေ အများအပြားလိုအပ်မှာပါ။ အဲဒီလိုအပ်ချက်တွေကိုကျွန်တော် Construction အနေနဲ့ ဆောက်လုပ်ပေးရမယ့် တာဝန်ဖြစ်ပါတယ်။ Customer တွေရဲ့လိုအပ်ချက် တောင်းဆိုချက်တွေကို ပထမဦးဆုံးအချက်အနေဖြင့် ထည့်စဉ်းစားရမှာပါ။ Construction တစ်ခုကောင်းကောင်းဖြစ်တည်ဖို့ဆိုရင် Budget ကိုအဓိကအခြေခံရမှာဖြစ်ပြီး ကိုယ်သုံးမယ် Budget နဲ့ ကိုက်ညီပြီး အကောင်းဆုံးဖြစ်တဲ့ Construction Project တစ်ခုကို အကောင်းမွန်ဆုံး ဖန်တီးတည်ဆောက်ရမှာပါ။

မြန်မာနိူင်ငံမှာရှိတဲ့ လူနေမှုအဆင့်အတန်းနဲ့ဆိုရင် ကျွန်တော်တို့တွေ Budget အများကြီးသုံးမယ်ဆိုရင် လူအနည်းစုလောက်ကိုပဲကြည့်နိုင်မှာပါ။ ခေတ်ရေစီးကြောင်းပေါ်မူတည်ပြီး Construction တခုတည်ဆောက်မယ်ဆိုရင် ကိုယ် Target ထားတဲ့ လူတန်းစားပေါ်မူတည်ပြီး လိုအပ်သလို ကျွန်တော်တို့တွက်ချက်ရမှာပဲဖြစ်ပါတယ်။ ကိုယ်က Budget အများကြီးသုံးချင်ပေမယ့် ကိုယ် Target ထားတဲ့သူတွေနဲ့ မကိုက်ညီဘူးဆိုရင်လဲ ကျွန်တော်တို့ရင်နှီးမြုပ်နှံမှုက အလကားဖြစ်သွားမှာပါ။

ဘယ် Construction Project ပဲဖြစ်ဖြစ် Customer Needs and Wants ကို ကြည့်ရမှာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် တွေအနေနဲ့လဲ နေထိုင်အသုံးပြုမယ့်သူတွေ ကိုကြည့်ပြီး ဆောက်လုပ်ရေး Construction Project တွေ ရေးဆွဲရမှာဖြစ်ပါတယ်။

ဆောက်လုပ်မယ့် construction ဟာ လူတန်းစားအလိုက်တတ်နိုင်တဲ့ ပုံစံမျိုးဖြစ်ရမယ့်အပြင် ပြောင်းလဲလာတဲ့ လူနေမှုပုံစံနဲ့ ခေတ်ရေစီးကြောင်းကို မေ့ထားလို့မရပါဘူး။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံအရ Interior Design ၊ Decoration တွေကို Luxury တွေ မဟုတ်ရင်တောင် Customer တွေ Value ထားရှိမယ့် ခေတ်မီစိတ်တိုင်းကျပုံစံမျိုးတော့ဖြစ်နေဖို့လိုအပ်ပါတယ်။

Ref: Construction Trends