ခေတ်မှီပြီးရိုးရှင်းလှပတဲ့ ဧည့်ခန်း Design များ

Home / Blog / ခေတ်မှီပြီးရိုးရှင်းလှပတဲ့ ဧည့်ခန်း Design များ

အိမ်တစ်အိမ်အတွက် ဧည့်ခန်းသည် ခေတ်မီဖို့လည်း လိုသလို လှပသေသပ်ပြီး အရိုးရှင်းဆုံးဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဧည့်ခန်းဆိုတာ အိမ်တစ်အိမ်ရဲ့ နှလုံးသား ဖြစ်ပါတယ်။ မိမိရဲ့အိမ်ကို ဝင်လိုက်ပီဆိုရင် ပထမဆုံး တွေ့ရမှာက ဧည့်ခန်းပါပဲ။ လုံးချင်းအိမ်ဖြစ်ပါစေ တိုက်ခန်းဖြစ်ပါစေ ဧည့်ခန်းဆိုတာ မိမိအိမ်ကိုလာရောက် လည်ပတ်သော ဧည့်သည်များသာမက မိမိတို့ မိသားစု အချိန်အများဆုံး ကုန်ဆုံးသော နေရာဖြစ်လို့ အလင်းရောင် ကောင်းမွန်ပီး လေဝင်လေထွက်ကောင်းမယ့် နေရာမျိုးဖြစ်ရပါမယ်။ တစ်နေကုန် အလုပ်ခွင်မှာ ပင်ပင် ပန်းပန်း အလုပ်လုပ်ရတဲ့ နေ့မျိုးဆို လူတိုင်း မိမိအိမ်လေးကို ပိုပြီး သတိရတတ် ရပါ တယ်။ ဒါကြောင့် မိမိဧည့်ခန်း အရောင်ရွေးချယ်မယ်ဆိုလျင် မှိုင်းသောအရောင်များ မရွေးချယ် မိစေဖို့လိုအပ်ပါတယ်။ ဒါကြောင့် လှပခေတ်မီပြီး ရိုးရှင်းတဲ့ ဧည့်ခန်း Design Idea လေးများကိုဖော်ပြပေးလိုက်ပါတယ်။