တခါတရံမှာ စကားပြောသော အိမ်တွင်း အရောင်များ

Home / Blog / တခါတရံမှာ စကားပြောသော အိမ်တွင်း အရောင်များ

မိတ်ဆွေ….အိမ်တစ်အိမ် ဒါမှမဟုတ် အခန်းတစ်ခန်းကို ဆေးရောင်လှလှချယ်တာဟာ အိမ်ပိုင်ရှင်တွေအတွက် လှပဖို့တင်မဟုတ်ပဲ စိတ်ခံစားချက်ကိုကောင်းမွန်စေဖို့အတွက်ဆိုလဲ မှန်ကန်မယ်ထင်ပါတယ်။ ဒါကြောင့် ယခုဖော်ပြပေးသွားမဲ့ Idea ကတော့ အခန်းအနေအထားလိုက် မိမိစိတ်ခံစားချက်ကို ကောင်းမွန်စေမဲ့ အရောင်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်…

ရုံးခန်း

ရုံးခန်း ဒါမှမဟုတ် ကွန်ပြူတာအသုံးပြုရတဲ့ အလုပ်ခန်း စတဲ့အခန်းမျိုးကို အစိမ်းရောင် သုံးပေးခြင်းဟာ အမြင်အေးစေရုံသာမက စိတ်ကိုလန်းဆန်းစေပြီး အလုပ်အပေါ်လဲအာရုံစိုက်နိုင်စေပါတယ်။

 

ဧည့်ခန်း

ဧည့်ခန်းအတွက်ကတော့ ခရမ်း Lavender အရောင်လေးဟာ စိတ်ပင်ပန်းမှုတွေကိုလျော့ချပေးနိုင်ပါတယ်။

 

အိပ်ခန်း

အိပ်ခန်းအတွက်အကောင်းဆုံးအရောင်ကတော့ အပြာ ရောင်ပါ။အပြာရောင်ဟာ အနားယူဖို့အတွက် ကောင်းစွာအထောက်အကူပြုတဲ့အပြင် ကောင်းမွန်စွာအိပ်စက်အနားယူစေဖို့ အထောက်အကူပြုတယ်လို့ဆိုပါတယ်။

မီးဖိုချောင်

မီးဖိုချောင်အတွက်ကတော့ လိမ္မော်ရောင် နဲ့ပက်သက်တဲ့အရောင်ကိုသုံးပေးခြင်းဟာ အစာခြေဖျက်နိုင်စွမ်းကို Boost လုပ်ပေးနိုင်တယ်လို့ဆိုပါတယ်။

 

ဒီအရောင်တွေကို သုံးသပ်ပြီး သင့်အိမ်ကို အလှပဆုံး ဖြစ်အောင် ဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်။