Living Room အတွက်သင့်တော်တဲ့ Painting Color များ

Home / Blog / Living Room အတွက်သင့်တော်တဲ့ Painting Color များ

ယခုဖော်ပြပေးမှာကတော့ သင့်ရဲ့အိမ်ခန်းအတွက် လိုက်ဖက်သင့်တော်မဲ့ အရောင်အတွဲအစပ်တွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီပင်လယ်ရေပြာလို အပြာရောင်လေးတွေကိုအသုံးပြုထားတဲ့ပုံစံကတော့ အမြင်တောက်ပစေတဲ့အပြင် အလင်းရောင်ကိုရစေပြီး၊လွတ်လပ်မှုကိုခံစားစေနိုင်မဲ့အရောင်ပဲဖြစ်ပါတယ်။ Decoration ကိုပန်းဆီရောင် ပါတာတွေနဲ့တွဲစပ်အသုံးပြုထားပြီး အရမ်းကိုလှပပါတယ်။

ဒီတခါအပြာရောင်လေးကတော့ Blue Sky အရောင်လေးကိုအသုံးပြုထားပြီး အခန်းကိုပိုမိုလင်းစေတဲ့အပြင် သဘာဝအလင်းရောင်ကဲ့သို့ခံစားမှုကိုရရှိနိုင်ပါတယ်။သူနဲ့လိုက်ဖက်တဲ့ အစိမ်းဖျော့ ဒါမှမဟုတ် အပြာဖျော့ အရောင်ရှိတဲ့ Decoration တွေနဲ့သာဆို အရမ်းကိုလှပတဲ့အခန်းလေးကိုရရှိစေမှာပါ။

အခန်းကိုပန်းရောင်ဖျော့ဖျော့ဆေးရောင်အသုံးပြုထားပြီး အခန်းတွင်း Decoration ကို သဘာဝရဲ့ အညို ရောင်တွဲစပ်ဖန်တီးထားတဲ့ဒီအခန်းပုံစံဟာလဲ သဘာဝကျပြီး ရိုးရှင်းတဲ့အရောင်ကြိုက်တဲ့ သူတွေအတွက်တော့ အဆင်ပြေစေမှာပါ။

ဒီအစိမ်းရောင် အခန်းလေးကတော့မြင်လိုက်တာနဲ့ လင်းခနဲဖြစ်သွားစေပြီး ဒီအရောင်လေးကိုအသုံးပြု မယ်ဆိုရင်တော့ Decoration လုပ်တဲ့အခါအဖြူရောင်နဲ့အစိမ်းဖျော့အရောင်နဲ့တွဲစပ်တာအသင့်တော်ဆုံးပါ။

Ref – housebeautiful